မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း
ကြက်ခြေနီစတင်ခြင်းကြက်ခြေနီဖခင် Henry Dunant ကို ၈-မေ-၁၈၂၈ တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အီတလီနိုင်ငံသို့ ရောက်ရှိခိုက် ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင်ထိခိုက်ဒဏ်ရာရ၊ သေဆုံး သောစစ်သားများအား ကူညီပေးမည့်သူမရှိပဲ၊ စစ်သားများ၏ ညီးညူသံများကိုကြားခဲ့ရပြီး ရွာနီးချုပ်စပ်မှ လူအများစုဝေးခေါ်ဆောင်ကာ ပြုစုကူညီပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်တွင် သူကြုံတွေ့သိရှိခဲ့သမျှကို A Memory of Solferino စာအုပ်အားရေးသားပြုစုခဲ့သည်။ နိုင်ငံခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသားဖြန့်ဝေခဲ့ပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ[၁] (International Committee of the Red Cross, အတိုကောက် I.C.R.C)ကိုတည်ထောင်နိုင်ခဲ့သည်။၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု [၂] ကို ရရှိခဲ့သည်။ ဟင်နရီဒူးနန့်စတင်မွေးဖွားပေးခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၈၈) နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။ သမိုင်းကြောင်းမြန်မာနိုင်ငံကြက်ခြေနီအသင်းကို၁၉၂၀ တွင်စတင်ဖွဲ့စည်းပြီး အိန္ဒိယကြက်ခြေနီအသင်းခွဲအဖြစ်ရပ်တည်ခဲ့သည်။၁၉၃၇ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖြစ်တရားဝင်ရပ်တည်နိုင်ခဲ့ပြီး ၁၉၃၉ တွင် အမျိုးသားကြက်ခြေနီအသင်းအဖြစ် (I.C.R.C) ကအသိအမှတ်ပြုခဲ့သည်။ ၁၉၄၆ တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (I.F.R.C) သို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၉ တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေကို ခေတ်အဆက်ဆက် ခေတ်စနစ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်
ဆက်စပ် ဖတ်ရှုရန်
ကိုးကား |
Portal di Ensiklopedia Dunia