မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း
မြန်မာအင်တာနေရှင်နယ် (အင်္ဂလိပ်: Myanmar International Television; mitv ဟု ရေးသား) ရုပ်သံလိုင်းသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များ သိရှိစေရန်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်ပြီး ထုတ်လွှင့်ပေးနေခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ တစ်ကမ္ဘာလုံးသို့ MRTV-3 အမည်ဖြင့် ထုတ်လွှင့်ပေးခဲ့ပြီး ၂၀၁၀ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် MRTV-3 ရုပ်သံလိုင်း အား ရွှေသံလွင်မီဒီယာကုမ္ပဏီ ဖြင့် ပူးပေါင်းပြီး MI (Myanmar International) အမည်သို့ ပြောင်းလဲထုတ်လွှင့်ခဲ့သည်။ MITV အစီအစဉ်များကို ပြည်တွင်းပရိသတ်များအတွက် နေ့စဉ် နံနက်(၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ထုတ်လွှင့်ပေးပြီး ပြည်ပရှိ ပရိသတ်များအတွက် (၂၄)နာရီပတ်လုံး တစ်ကြိမ်လျှင်(၆)နာရီဖြင့် တစ်ရက်လျှင်(၄)ကြိမ် ပုံမှန်ထုတ်လွှင့်ပေးလျက်ရှိသည်။[၁] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia