မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Shwehmone လေဘဝဟာဝညA[Shwehmone လေဘဝဟာဝညA ၁]အင်္ဂလိပ်: Myanma shwehmone လေဘဝဟာဝညA; အတိုကောက် MFTB) သည် မြန်မာနိုင်ငံ အစိုးရပိုင်ဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံရပ်ခြားဘဏ်လုပ်ငန်းများကို အဓိက ဆောင်ရွက်သည်။[၁] ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းများကို အစိုးရ၊ အစိုးရပိုင်လုပ်ငန်းများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများအား ဝန်ဆောင်မှုပေးသည်။[၂] ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အား အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။[၃][၄] နောက်ခံသမိုင်းမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် သည် မူရင်းအစ ၁၉၅၄ခုနှစ်တွင်တည်ထောင်ခဲ့သော နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ် ၏ နိုင်ငံခြား လုပ်ငန်းဌာန မှ စတင်ပေါက်ဖွား လာခြင်းဖြစ်သည်။ ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ်များအားလုံးကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ နိုင်ငံတော် စိုက်ပျိုးရေးဘဏ်နှင့် နိုင်ငံပိုင်ပြုလုပ်ထားသော ပုဂ္ဂလိကဘဏ်များအား ထပ်မံ ပေါင်းစည်းဖွဲ့စည်းခဲ့သည်။ ၎င်းအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်၊ နိုင်ငံခြားငွေဌာန အမည်ဖြင့် နိုင်ငံခြားငွေ လုပ်ငန်းများကို ဆောင်ရွက်ပေးသော တစ်ခုတည်းသော ဘဏ်လုပ်ငန်းဌာနဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများအား စီးပွားရေး ဆန်ဆန် ဆောင်ရွက်ရန်ချမှတ်ပေးခဲ့သော လမ်းညွှန်ချက်များနှင့် အညီဘဏ်စနစ်အနေဖြင့်လည်း စီးပွားရေး ဆန်ဆန် ဆောင်ရွက်နိုင်ရန် ၁၉၇၅ ခုနှစ် တွင် ဘဏ်ဥပဒေအသစ် ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဘဏ်ဥပဒေ အသစ်အရ ၁၉၇၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စိုက်ပျိုးရေးဘဏ် နှင့် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် ဟူ၍ ဘဏ်(၄)ခု ခွဲကာ ဘဏ်လုပ်ငန်း များကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ(၄) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေအရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ထိုနေ့တွင် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်သည်။ ယခုအချိန်တွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် (၂၅-၁-၂၀၁၆)နေ့တွင် ပြဋ္ဌာန်းခဲ့သော ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၂၀၁၆ နှင့်အညီ အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်း၊ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ATM Card Services ဝန်ဆောင်မှုစသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဖွဲ့စည်းမှုမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အောက်ဖော်ပြပါအတိုင်း ဌာနခွဲ(၁၂)ခု ဖွဲ့စည်းထားသည်။
နိုင်ငံတကာအသိအမှတ်ပြုဆုတံဆိပ်ချီးမြှင့်ခံရခြင်းမြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် သည် စပိန်နိုင်ငံ မက်ဒရစ်မြို့ အခြေစိုက် Business Initiative Directions ( BID ) မှ ၂၀၀၇ ခုနှစ်အတွက် Century International Quality Era Award(CQE) Gold Category ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။[ကိုးကားချက်လိုသည်] ကိုးကား
|
Portal di Ensiklopedia Dunia