မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း (အင်္ဂလိပ်: Myanma Petrolium Product Enterprise) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သမိုင်းကြောင်းကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နေ့ အထိ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ဆောင်ရွက် ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူပိုင်သိမ်းခဲ့ကာ သတ္တုတွင်း ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းတစ်ခုအဖြစ် သိမ်းသွင်းခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်သူ့ရေနံလုပ်ငန်း အဖြစ်လည်းကောင်း၊ ၁၉၇၀ ခုနှစ်တွင် မြန်မာ့ရေနံကော်ပိုရေးရှင်း အဖြစ်လည်းကောင်း လုပ်ငန်း ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် စက်မှု (၂) ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ရေနံဓာတုဗေဒလုပ်ငန်းကော်ပိုရေးရှင်း နှင့် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းဟူ၍ အဖွဲ့အစည်း ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် အထက်ဖော်ပြပါလုပ်ငန်းအဖွဲ့အစည်း ၃ ခုစလုံးကို စွမ်းအင် ဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း အမည်ပြောင်းလဲခဲ့ပါသည်။ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသည် စက်သုံးဆီ ပြည်တွင်းသုံးစွဲမှုဖူလုံရေးနှင့် အချိန်နှင့် တစ်ပြေးညီ သုံးစွဲသူလက်ဝယ်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။ ဖွဲ့စည်းပုံမြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လက်အောက်ရှိ ဌာနခွဲများမှာ
ဝန်ထမ်းအင်အား၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့ စာရင်းအရ ဝန်ထမ်းအင်အားမှာ [၂]
တည်နေရာများပင်မဌာနကြီးများ၏တည်နေရာ
ဌာနခွဲများ၏တည်နေရာသိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (က)အဆင့်များ
သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ (ခ)အဆင့်/စခန်းများ
လေယာဉ်ဆီဌာနခွဲများ/ဌာနစိတ်/စခန်း
ကိုးကား
|
Portal di Ensiklopedia Dunia