မြန်မာ့အသံမြန်မာ့အသံ သည် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ရေဒီယိုအသံလွှင့်အစီအစဉ် ဖြစ်သည်။ ရေဒီယို မြန်မာ့အသံမှ နေ့စဉ် နံနက် (၀၅:၃၀) နာရီမှ ည (၂၃:၀၀) နာရီထိ စုစုပေါင်း ထုတ်လွှင့်ချိန် (၁၈) နာရီ အတွင်း မြန်မာပိုင်းအစီအစဉ်၊ အင်္ဂလိပ်ပိုင်းအစီအစဉ်တို့ကို ထုတ်လွှင့်ပေးလျက် ရှိသည်။ ထို့အပြင် တိုင်းရင်းသားဘာသာ (၁၄) ဘာသာဖြင့် ကချင်၊ ကယား၊ ကယန်း၊ ဂေခို၊ ဂေဘား၊ ကရင်(စကော)၊ ကရင်(ပိုး)၊ ချင်း(ဖလမ်း)၊ ချင်း(မင်းတပ်)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ၊ ကိုးကန့်နှင့်'ဝ'ဘာသာတို့ကို နံနက်ပိုင်း (၆) နာရီနှင့် ညနေပိုင်း (၆) နာရီ စုစုပေါင်း (၁၂) နာရီကြာ ထုတ်လွှင့်ပေးလျက် ရှိသည်။ သမိုင်းကြောင်းမြန်မာနိုင်ငံ၏ အသံလွှင့်လုပ်ငန်းကို လွတ်လပ်ရေးမရမီ ၁၉၃၆ ခုနှစ်တွင်စတင်ပြီး ၁၉၃၇ ခုနှစ်၌ ရန်ကုန်မြို့၊ မင်္ဂလာဒုံ (ဝါယာလက်) တွင်စမ်းသပ်အသံလွှင့်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်မြို့ ယခု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဗဟိုကြေးနန်းရုံးကြီး အောက်ထပ်ရှိ အခန်းအချို့ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လွှင့်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်မြို့၊ ဖိုက်ချ်လမ်း (ယခင်ရှမ်းလမ်း၊ ယခုဗဟိုလမ်း)ရှိ လူမှုဝန်ထမ်း ဦးစီးဌာန မူလတန်းကြိုကျောင်း၊ အမှတ်(၄)နှစ်ထပ်တိုက် (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး) မှ အသံလွှင့်ခဲ့သည်။ ဖိုက်ချ်လမ်း (ယခုအခေါ် ဗဟိုလမ်း) အသံလွှင့်ရုံထက် နေရာပိုမိုကျယ်ဝန်းသော ကမ္ဘာအေးစေတီလမ်းရှိ ချင်းချောင်းနန်းတော်နေရာ (အနုပညာဦးစီးဌာနရုံး အဆောက်အအုံပရဝုဏ်) သို့ ရွှေ့ပြောင်းအသံလွှင့်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို “All Burma Broadcasting Station” (ခေါ်) “ရန်ကုန်မြို့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန” ဟုခေါ်တွင်ခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လဆန်းမှ မေလဆန်းအထိ ရန်ကုန်မြို့၊ ပတ်လမ်း (ယခုနတ်မောက်လမ်း) ရှိ အဆောက်အအုံနေရာ (ယခုဂျာမနီသံရုံး) နေရာတွင် မြန်မာ့တော်လှန်ရေး တပ်မတော်အသံလွှင့်ဌာန အမည်ဖြင့် မျိုးချစ်စိတ်ဓာတ်ပြင်းထန်သော တော်လှန်ရေးရဲဘော်များက လျှို့ဝှက်တည်ဆောက်ကာ အသံလွှင့်ခဲ့သည်။ မြန်မာ၊ အင်္ဂလိပ်ဘာသာများနှင့် ဟိန္ဒူစတန်နီ ဘာသာများဖြင့် အသံလွှင့်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မေလဆန်း၌ ရန်ကုန်မြို့ ရွှေတောင်ကြားရပ် လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း) ရှိ နှစ်ထပ်တိုက်ကို အသံလွှင့်ရုံအဖြစ် ဖန်တီးထုတ်လုပ်ခဲ့သည်။ အသံလွှင့်ရုံအမည်ကို “Rangoon Radio” (ခေါ်) ရန်ကုန်ရေဒီယိုဟု အမည်ပေးအသံလွှင့်ခဲ့သည်။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် “ရန်ကုန်ရေဒီယို” မှ “Burma Broadcasting Service (BBS)” (ခေါ်) ဗမာ့အသံအမည်သို့ နာမည်ပြောင်းလဲအသံလွှင့်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် လောင်းဝစ္စလမ်း (ယခု အင်းလျားမြိုင်လမ်း) အသံလွှင့်ရုံမှ ဝင်ဒါမီယာကရက်ဆင့် (ယခုပန်းဝါလမ်း) အသံလွှင့်ရုံသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ဝင်ဒါမီယာအသံလွှင့်ရုံဟု ခေါ်တွင်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် “ဗမာ့အသံ” အမည်မှ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး၏ ကိုယ်စားပြုရာ မြန်မာ့အသံအမည်သို့ နာမည်ပြောင်းလဲအသံလွှင့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဝင်ဒါမီယာ အသံလွှင့်ရုံမှ ပြည်လမ်း “မြန်မာ့အသံ” အသံလွှင့်ရုံ သစ်ကြီးသို့ ပြောင်းရွှေ့အသံလွှင့်ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် အုပ်ချုပ်ရေးစနစ်သစ်အရ အသံလွှင့်ဌာနခွဲ ညွှန်ကြားရေးဝန်ရုံး အမည်မှ “ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန” အမည်သို့ ပြောင်းလဲခေါ်တွင်ကာ ပြန်ကြားရေးဌာနခွဲနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ဤဌာနကို ဦးစီးဌာနအဖြစ်သီးခြားဖွဲ့စည်းကာ “မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန” Myanma Television and Radio Department (MTRD) ဟု အမည်ပေးခဲ့သည်။ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် “မြန်မာ့ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန” အမည်မှ “မြန်မာ့အသံနှင့်ရုပ်မြင်သံကြား” Myanma Radio and Television (MRTV) ဟုပြောင်းလဲဖွဲ့စည်း ခေါ်ဆိုခဲ့သည်။ [၁] ရေဒီယိုထုတ်လွှင့်မှုများ၅၀ ကီလိုဝပ် လှိုင်းတိုလွှင့်စက် (၆)လုံး၊ လှိုင်းလတ်လွှင့်စက်များဖြစ်သော ၅၀ ကီလိုဝပ်(၁)လုံး၊ ၁၀၀ ကီလိုဝပ်(၂)လုံး၊ ၂၀၀ ကီလိုဝပ် (၁)လုံး၊ ၄၀၀ ကီလိုဝပ် (၁)လုံးတို့ဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ အောက်ပါအစီအစဉ်များအတိုင်း ထုတ်လွှင့်ပေးလျက် ရှိသည်။[၂]
ထုတ်လွှင့်ပေးလျက်ရှိသော လှိုင်းနှုန်းများ[၂]
ဆက်စပ်ဖတ်ရှုရန်ကိုးကား
ပြင်ပအဆက်အသွယ် |
Portal di Ensiklopedia Dunia