မြသိန်းတန်စေတီ (ဝါးခယ်မမြို့)

မြသိန်းတန်စေတီကို ဝါးခယ်မမြို့သို့ မြစ်ကြောင်းမှ ဝင်လျှင်ဝင်ချင်း မြို.ဦးထိပ်တွင် တည်ရှိသည်။

သမိုင်းကြောင်း

မြတ်ဗုဒ္ဓနှင့် ရဟန္တာ တို့၏ ဓာတ်တော်များ ရတနာပစ္စည်းများ ဌာပနာထားရာ သိန်းတန်သည့် မြတစ်လုံး ပါခဲ့သဖြင့် ဆရာတော် ဦးမေဓာ က မြသိန်းတန် စေတီတော်ဟု ဘွဲ.မည်ပေးခဲ့သည်။ ၁၂၅၃ ခုနှစ်က ဉာဏ်တော်အမြင့် ၁ဝ၉ ပေနှင့် မြေစိုက်စေတီ ဖြစ်သော်လည်း လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူထားကာ ကြေးသွန်းရုပ်ပွားတော်ကြီးတစ်ဆူလည်း ကိန်းဝပ်စံပယ်နေသည်။ တင်ပျဉ်ခွေအထိုင် ဘူမိဖဿမုဒြာဟန်နှင့် ဉာဏ်တော်ကိုးတောင်ရှိ ကြေးသွန်းရုပ်ပွားတော်ကြီးကို ကြေးပိဿာချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ကိုးမူးသားဖြင့် သက္ကရာဇ် ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်တွင် စတင်တည်ထားခဲ့ပြီး ၁၈၉၁ ခုနှစ် မတ် ၂၃ ရက်တွင် ပြီးဆုံးခဲ့သော ကြေးသွန်းဘုရားကြီးကို သကျမဟာသီရိဘုရားကြီးဟု ဘွဲ့အမည်တင်လှူခဲ့၏။ ဘုရားကြီးနှင့် ပတ်သက်၍ နဝင်းငါးလီကျ နေသည်ကို တွေ့ရ၍ ဧရာဝတီတိုင်းဒေသကြီး၌ ရှားရှားပါးပါး ထင်ရှားခဲ့သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya