မြီးဝန်ငှက်

မြီးဝန်ငှက်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Strigiformes
မျိုးရင်း: Strigidae
မျိုးစု: Otus
မျိုးစိတ်:
O. bakkamoena
ဒွိနာမ
Otus bakkamoena
Pennant, 1769

မြီးဝန်ငှက် သည် တီးတုတ်ငှက်မျိုးစုတွင် ပါဝင်သော်လည်း မထင်ရှား၍ လူသိ နည်းသည်။ မြီးဝန်ငှက်သည် စတြစ်ဂျီဒီး မျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒ အလို အားဖြင့် အိုတပ် ဗက်ကာမိုးနား ဟုခေါ်သည်။ မြီးဝန်ငှက်သည် အလျား ၁ဝ လက်မရှိသည်။ တီးတုတ် ဇီးကွက်မျိုးတွင် သေးငယ်သော ငှက်မျိုးဖြစ်သည်။ နားရွက်မွှေးများကို ထင်ရှားစွာ တွေ့ရှိနိုင်၏။ အမွှေးအတောင်မှာ အဝါရောင်ထနေ သော်လည်း ဦးခေါင်းနားတစ်ဝိုက်တွင် ညိုမည်းနေသည်။ ထိုငှက်၏ အသံကို မကြားရလျှင် မြီးဝန်ငှက်ရှိမှန်း သိမည်မဟုတ်ပေ။ မြီးဝန်ငှက်မျိုးကို အရှေ့တိုင်းနိုင်ငံ များတွင် အနှံ့အပြားတွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ကြ၍ သစ်တောနှင့် တောထူထပ်သော ဒေသများတွင် အများအပြားတွေ့ရသည်။

ပေ ၇ဝဝဝ အမြင့် အထိ နေနိုင်သည်ဟု ဆိုသည်။ ရန်ကုန်မြို့အနီးအနားတစ် ဝိုက်တွင်လည်း တွေ့နိုင်သည်။ မြီးဝန်ငှက်သည် ညဉ့်ငှက်မျိုး ဖြစ်သည်။ ညဉ့်အခါ မှသာ စတင်လှုပ်ရှားစပြုသည်။ ညမိုးချုပ်မှ နံနက် လင်းသည်အထိ ကြိုးကြား ကြိုးကြား ဖြည်းညှင်းစွာ အော်တတ်သည်။ အသံမှာ နားထောင်ကောင်း၍ ခပ်တိုး တိုး ညည်းသံနှင့်တူသည်။ ကျွန်းတောများတွင် ကျက်စားလေ့ရှိသည်။ ထိုငှက်၏ အဓိက အစာမှာ ပိုးမွှားများဖြစ်သည်။

ဇန်နဝါရီလမှ ဧပြီလအထိ မြီးဝန်ငှက်များ သားပေါက်ကြသည်။ ဥများကို သစ် ခေါင်းတွင်ထား၍ သစ်ရွက်နှင် မြက်များဖြင့် ဖုံးထားတတ်သည်။ တမြုံလျှင် ဥ ၂ လုံးမှ ၅ လုံးအထိ ရှိတတ်သည်။ ဥသည် ခပ်လုံးလုံးဖြစ်၍ ဥ ခွံမှာ နူးညံ့ ချောမွတ်သည်။ ဥ အရွယ်မှာ ပျမ်းမျှအလျား ၁.၂၅ လက်မနှင့် ပြက် ၁.ဝ၅ လက်မရှိသည်။[]

ကိုးကား

  1. BirdLife International (2016). "Otus bakkamoena". IUCN Red List of Threatened Species 2016. IUCN. doi:10.2305/IUCN.UK.2016-3.RLTS.T61855263A95182096.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya