မြေဇာ (ကာတွန်း)

ကာတွန်းမြေဇာ
မွေးဖွား(1946-03-13)မတ် ၁၃၊ ၁၉၄၆
ဆင်ဖြူကျွန်းမြို့
ကွယ်လွန်ဇူလိုင် ၂၇၊ ၂၀၂၁(2021-07-27) (အသက် ၇၅)
အလုပ်အကိုင်ကာတွန်းပညာရှင်
ကျော်ကြားမှုအရင်းခံစိန်မျောက်မျောက်၊ ရေမြင်းလေး၊ နှင်းနှင်းလေး ကာတွန်းဇာတ်ကောင် ဖန်တီးရှင်
မိဘ(များ)ဦးဘစိန်၊ ဒေါ်သန်း

မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးမြေဇာကို (၁၉၄၆)ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် မွေးဖွား ခဲ့သည်။ အဖ ဦးဘစိန်၊ အမိ ဒေါ်သန်း တို့၏ သားဖြစ်သည်။ ဆင်ဖြူကျွန်းဇာတိ ဖြစ်သည်။ (၁၉၆၆)ခုနှစ်တွင် လူထုဦးလှလူထုဒေါ်အမာတို့ထံတွင် သတင်းစာပညာ၊ စာပေပညာရပ်များကို သင်ကြားခဲ့ သည်။ (၁၉၆၈)ခုနှစ်၊ ကြေးမုံသတင်းစာတွင် ကာတွန်းများ စတင်ရေးဆွဲသည်။ ထိုနှစ်တွင် ရန်ကုန်ပန်းချီပန်းပုကျောင်းတွင် ပန်းချီပညာ တက်ရောက်သင်ယူခဲ့သည်။ စာနယ်ဇင်းများတွင် ကိုယ်ပိုင်ဟန်ရေးဟန်အသစ်ဖြင့် ကာတွန်းအမြောက်အမြား ရေးဆွဲအောင်မြင်ခဲ့သည်။[]

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ကွယ်လွန်ခဲ့သည်။[]

ကိုးကား

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်
  2. စိန်မျောက်မျောက် ကာတွန်း ဖန်တီးသူ ကာတွန်းဦးမြေဇာ ကွယ်လွန် (in en)။ ၂၈ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya