မြောက်မင်းဒနောင်မြောက်မင်းဒနောင် (တဂ္ဂလော့: Hilagang Mindanao; Cebuano: Amihanang Mindanao) သည် ဖိလစ်ပိုင်နိုင်ငံ၏အုပ်ချုပ်မှုနယ်မြေတခုဖြစ်သည်။ နယ်မြေ ၁၀ ဟု သတ်မှတ်ထားသည်။ ၎င်းတွင် ဘူကစ်နွန်၊ ကမီကွင်း၊ မိဆာမီသစ်၊ မိဆာမီဟောင်း၊ လနောင်ဒနော့တည်းဟူသော ပြည်နယ် ၅ ခု ပါသည်။ မင်းဒနောင်ကျွန်းမြောက်ဘက် အလယ်ခပ်ကျကျရှိ ကမီကွင်းပြည်နယ်မှ မြို့ ၂ မြို့မှာ လူဦးရေအတော်များသည်။ မြောက်မင်းဒနောင်နယ်မြေအတွက် မြို့တော်မှာ ကာဂယံဒီအိုရိုဖြစ်သည်။ လနောင်ဒနော့မှ နယ်မြေ ၁၂ ဖြစ်သော အလယ်မင်းဒနောင်မှ မြောက်မင်းဒနောင်သို့ ၂၀၀၁ ခု၊ စက်တင်ဘာက စာရင်းရွှေ့ထားခြင်းဖြစ်သည်။[၁] အမည်ရင်းမြစ်လက်ရှိအမည်မှာ ၎င်းတည်ရာ မင်းဒနောင်ကျွန်းကိုမှီး၍ ခေါ်ခြင်းပင်ဖြစ်လေသည်။ ဖိလစ်ပိုင်တော်လှန်ရေးသမားတို့ကို အမေရိကန်တို့ ဦးနှိမ်ပြီးနောက် ဤအမည်ကို ပေးလေသည်။ လွတ်လပ်ပြီးကာလ၌ ဤဒေသ၌ လူမျိုးကြီးဖြစ်သော စီဘွာနိုတို့က အမီဟာနန်နယ်မြေဟု အမည်ပြောင်းရန် အဆိုတင်ဖူးသည်။ အမီဟာနန်မှာ ဆီဘွာနိုဘာသာဖြင့် မြောက်ပိုင်းနယ်ဟု ခေါ်ခြင်းဖြစ်သည်။ ပထဝီဝင်မြောက်မင်းဒနောင်မှာ ကုန်းနယ်နိမိတ်အားဖြင့် ၂,၀၄၉,၆၀၂ ဟက်တာ (၅,၀၆၄,၆၈၀ ဧက)[၂] ရှိသည်။ နယ်မြေ၏ ၆၀% မှာ သစ်တောမြေဖြစ်သည်။ ပတ်ဝန်းကျင်ရေပြင်၌ ရေထွက်ပစ္စည်းအလွန်ထွက်သည်။ စိုက်ပျိုးရန်ကောင်းပြီး သဘာဝစမ်းတို့ရှိကာ မြေမျက်နှာမြင့်သောကြောင့် နေထိုင်ရသင့်မြတ်လေသည်။ အုပ်ချုပ်ရေးအပိုင်းအခြားဤနယ်မြေကို ပြည်နယ် ၅ ခုဖြင့် ဖွဲ့ထားသည်။ ဘူကစ်နွန်၊ ကမီကွင်း ကျွန်းစုနယ်၊ မိဆာမီသစ်၊ မိဆာမီဟောင်း၊ လနောင်ဒနော့တို့ ဖြစ်သည်။ ကာဂယံဒီအိုရိုနှင့် အီလဂန်မြို့တို့မှာ လူဦးရေထူထပ်သည်။ သို့ဖြစ်၍ သီးခြား မြူနီစပယ်အစိုးရဖြင့် အုပ်ချုပ်လေသည်။ နယ်မြေ၏မြို့တော်မှာ ကာဂယံဒီအိုရိုဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia