ယာဝိုယဲဇာသစ်တော
ယာဝိုယဲဇာတောအုပ် သည် ကမ္ဘာဦးအစက ဥရောပလွင်ပြင် တစ်လွှား ဖြန့်ကျက်တည်ရှိနေခဲ့သော ထူထပ်သော သစ်တောအုပ်ကြီး၏ နောက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကျန်နေခဲ့သော အစိတ်အပိုင်း ဖြစ်သည်။ ထိုသစ်တောတွင် ဥရောပ၏ အကြီးမားဆုံး ကုန်းနေ သတ္တဝါများဖြစ်သော ဥရောပ ဘိုင်ဆွန်ကျွဲ အကောင် ၈၀၀ ကျော် နေထိုင်ကြသည်။[၁] ယူနက်စကို၏ လူနှင့် ဇီဝရပ်ဝန်း အစီအစဉ်မှ ပိုလန် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ ယာဝိုယဲဇာအား ၁၉၇၆ တွင် သတ်မှတ်ခဲ့ပြီး[၂] ဘီလာရုဇ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ အား ၁၉၉၃ တွင် သတ်မှတ်ခဲ့သည်။ [၃]၂၀၁၅ ခုနှစ်တွင် ဘီလာရုဇ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေသည် ၂၁၆,၂၀၀ ဟက်တာ (၂,၁၆၂ စတုရန်းကီလိုမီတာ၊ ၈၃၉ စတုရန်းမိုင်) မျှ ရှိခဲ့ပြီး ၎င်းတို့အား ဖြတ်သန်းဇုံ၊ ကြားခံဇုံ နှင့် အဓိက ဇုံ ဟူ၍ ပိုင်းခြား ထားခဲ့သည်။ ထိုသစ်တောအား ယူနက်စကိုမှ ကမ္ဘာ့အမွေခံနေရာ အဖြစ် သတ်မှတ်ထားပြီး[၄] ဥရောပသမဂ္ဂ မှ နေချရာ ၂၀၀၀ အထူးထိန်းသိမ်းရေး ဒေသ အဖြစ် သတ်မှတ်ထားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia