ယိုရှီဟီဒဲ ဆူဂါ
ယိုရှီဟီဒဲ ဆူဂါ (အင်္ဂလိပ်: Yoshihide Suga) သည် ဂျပန်နိုင်ငံသား နိုင်ငံရေးသမားဖြစ်ကာ ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ကာ ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့၏ အစိုးရအဖွဲ့များတွင် ၂၀၁၂ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ အစိုးရအဖွဲ့အတွင်းဝန်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရှင်ဇိုအာ့ဘဲ့၏ ပထမအစိုးရအဖွဲ့တွင် ၂၀၀၆ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။[၁] ငယ်ဘဝနှင့် ပညာရေးအကီတစီရင်စုမှ စတော်ဘယ်ရီခြံလုပ်ငန်းရှင် မိသားစုမှမွေးဖွားခဲ့သူဖြစ်ကာ အထက်တန်းပြီးဆုံးပြီးနောက် တိုကျိုသို့ ပြောင်းလာခဲ့သည်။ ထို့နောက် ဟိုဆေးတက္ကသိုလ်တွင် ပညာသင်ယူခဲ့ကာ ဥပဒေဘွဲ့ ရရှိခဲ့သည်။ နိုင်ငံရေးဘဝဘွဲ့ရပြီးနောက် သူသည် အထက်လွှတ်တော် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများတွင် လုပ်ကိုင်ခဲ့သည်။ ထို့နောက် LDPပါတီမှ Hikosaburo Okonogi ၏ အတွင်းရေးမှူး အဖြစ် ၁၁နှစ်ကြာ လုပ်ကိုင်ခဲ့သည်။၁၉၈၆ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့ပြီး ကိုယ်ပိုင်နိုင်ငံရေး စလုပ်ခဲ့သည်။၁၉၈၇ခုနှစ်တွင် ယိုကိုဟားမားမြို့တော်ကောင်စီတွင် ရွေးချယ်ခံခဲ့ရသည်။ ထိုနေရာအတွက် မဲဆွယ်စည်းရုံးရာတွင် အိမ်တိုင်ရာရောက် ခြေလျင်လှည့်၍ စည်းရုံးခဲ့ပြီး အိမ်ပေါင်း ၃၀,၀၀၀ သို့ သွားခဲ့သည်။ ယနေ့ ဂျပန်နိုင်ငံတွင် ခေတ်စားလျက်ရှိသည့် လူများရှုပ်ထွေးလှသည့် ဘူတာရုံများရှေ့တွင် မိန့်ခွန်းပြော၍ မဲဆွယ်စည်းရုံးခြင်း အလေ့အကျင့်အား လမ်းပြခဲ့သူဖြစ်သည်။ လွှတ်တော်အမတ်၁၉၉၆ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၀၀၊ ၂၀၀၃၊ ၂၀၀၅ ရွေးကောက်ပွဲများတွင် ပြန်၍အရွေးခံခဲ့ရသည်။၂၀၀၅ခုနှစ် ဝန်ကြီးချုပ် ဂျူနီချီအို လက်ထက်တွင် ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ အကြီးတန်းဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။ စက်တင်ဘာလ ၂၀၀၆ခုနှစ်တွင် ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့အစိုးရ၌ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ အစိုးရအဖွဲ့အတွင်းဝန်ချုပ်၂၀၁၀မတိုင်မီနှင့် ၂၀၁၀နောက်ပိုင်းတွင် သူသည် ရှင်ဇို အာ့ဘဲ့နှင့် နီးစပ်ခဲ့ပြီး ၂၀၁၂ခုနှစ် ပါတီ၏ခေါင်းဆောင်ရွေးပွဲတွင် ရှင်ဇို အာ့ဘဲ့အား ဝင်ပြိုင်ရန် တိုက်တွန်းခဲ့သည်။၂၀၁၂ရွေးကောက်ပွဲတွင် အာ့ဘဲ့အနိုင်ရလာပြီးနောက် သူသည် အစိုူရအဖွဲ့အတွင်းဝန်ချုပ် ဖြစ်လာခဲ့သည်။၂၀၁၂ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း ပြောင်းလဲခဲ့သော ရှင်ဇိုအာ့ဘဲ့၏ အစိုးရအဖွဲ့များတွင် မပြောင်းလဲဘဲ အမြဲကျန်ရှိခဲ့သည့် အစိုးရအဖွဲ့ဝင် ၂ဦးတွင် ဆူဂါလည်း ပါဝင်သည်။ ရက်ပေါင်း ၂၈၂၀ တာဝန်ထမ်းဆောင်ခဲ့ကာ ဂျပန်နိုင်ငံသမိုင်းတွင် သကတမ်းအကြာဆုံး အတွင်းဝန်ချုပ် ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ်၂၀၂၀ပြည့်နှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ် ရှင်ဇို အာ့ဘဲ့က ကျန်းမာရေးကြောင့် အနားယူမည့်အကြောင်းကို ကြေညာခဲ့ရာ ယိုရှီဟီဒဲ ဆူဂါသည် ဝန်ကြီးချုပ်လောင်းဖြစ်လာရန် ရေပန်းစားခဲ့သည်။[၂]ပါတီ၏ခေါင်းဆောင်ရွေးပွဲတွင် ၎င်းကို ပါတီထိပ်တန်းခေါင်းဆောင်များကပါ ထောက်ခံခဲ့ကြသည်။ ထိုရွေးကောက်ပွဲတွင် ဆူဂါ၏ အဓိကပြိုင်ဘက်များမှာ အာ့ဘဲ့၏ကာလကြာပြိုင်ဘက် ရှီဂဲရူ အီရှီဘာနှင့် ပါတီ၏ မူဝါဒရေးရာခေါင်းဆောင် ဖူမီအို ခီရှိဒတို့ ဖြစ်ကြသည်။ ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ဆူဂါသည် ၅၃၄မဲတွင် ၃၇၇မဲဖြင့်အနိုင်ရကာ ပါတီခေါင်းဆောင်ဖြစ်လာခဲ့သည်။[၃]ဂျပန်လွှတ်တော်တွင် LDPပါတီမှ အများစုအနိုင်ရထားသဖြင့် ဝန်ကြီးချုပ်နေရာအတွက် ၎င်းတို့ပါတီမှ ရွေးချယ်ထားသူမှာ အားသာမည်ဖြစ်သည်။ ထို့ကြောင့် စက်တင်ဘာလ ၁၆ရက်နေ့တွင် ဂျပန်အောက်လွှတ်တော်တွင် မဲခွဲခဲ့ရာ ၄၆၂မဲတွင် ၃၁၄မဲ၊ အထက်လွှတ်တော်တွင် မဲခွဲခဲ့ရာ ၂၄၅မဲတွင် ၁၄၂မဲ ရရှိခဲ့ပြီး ဆူဂါကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့သည်။[၁] ၂၀၂၁ခုနှစ် စက်တင်ဘာ ၃ရက်နေ့တွင် ဆူဂါက သူ့အနေဖြင့် ပါတီခေါင်းဆောင်ရွေးပွဲကို ပြန်ပြိုင်မည် မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၉ရက်နေ့တွင် LDPပါတီက ခေါင်းဆောင်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဖူမီအို ခီရှိဒက ရွေးချယ်ခံခဲ့ရကာ ဝန်ကြီးချုပ်အသစ် ဖြစ်လာခဲ့သည်။ ယိုရှီဟီဒဲဆူဂါသည် ၂၀၂၁ခုနှစ် အောက်တိုဘာ ၄ရက်နေ့အထိ ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia