ယူဂိုဆလားဗီးယားဆိုရှယ်လစ်ဖက်ဒရယ်သမ္မတနိုင်ငံ
ကိုဩဒိနိတ်: 42°47′N 19°28′E / 42.783°N 19.467°E
ယူဂိုစလားဗီးယားနိုင်ငံသည် အကျယ်အဝန်းအားဖြင့် ၉၈၇၆၆ စတုရန်းမိုင်ရှိ၍ ၁၉၆၁ ခုနှစ် ခန့်မှန်းခြေ အရ လူဦးရေ ၁၈၅၄၉၂၉၁ ယောက်ရှိ၏။ ကမ်းရိုးတန်း တစ် လျှောက်တွင် ကျွန်းများ၊ ပင်လယ်အော်များနှင့် ပင်လယ်လက် ကြားများ ပေါသဖြင့် သဘာဝသင်္ဘောဆိပ်ကောင်းများ ရှိသည်။ ကုန်းတွင်းပိုင်း၌မူကား တော ထူထပ်သော တောင်များ၊ မြေဩဇာ ထက်သန်သော ချိုင့်ဝှမ်းများနှင့် ခြောက်သွေ့သော ထုံးကျောက် ကုန်းပြင်မြင့်ဒေသတို့ ရှိလေသည်။ နိုင်ငံ အလယ် ပိုင်းတွင် ဒန်းညိုမြစ်လက်တက်များ စီးဆင်းရာ ပန်နိုနီယန် လွင်ပြင် တည်ရှိလေသည်။ ဒန်းညုမြစ်အပြင် ယူဂိုစလားဗီးယားနိုင်ငံ၏ အခြားထင်ရှား သော မြစ်များမှာ ဆားဗားမြစ်၊ ဒြေဗားမြစ်၊ မော်ရေးဗားမြစ်၊ ဗော့စနားမြစ်၊ ဗားဒါးမြစ်နှင့် နာရင်တာမြစ်တို့ ဖြစ်သည်။ တောင်ကုန်းများ အကြားတွင် ရှုခင်းတင့်တယ်လှပစွာ တည်ရှိ သော အိုင်အများရှိရာ ထင်ရှားသော အိုင်များမှာ ယူဂိုစလားဗီး ယားနိုင်ငံ တောင်ပိုင်းမှ စတုတာရီအိုင်၊ ပရက်စပါအိုင်နှင့် အိုင်ရစ်အိုင်တို့ ဖြစ်လေသည်။ ရာသီဥတုမှာ အေဒြီယက်တစ် ကမ်းရိုးတန်းတစ်လျှောက် တွင် အပူအအေးမျှတ၍ သာယာသည်။ နွေကူးရာသီနှင့် ဆောင်းကူးရာသီတို့တွင် မိုးကောင်းသည်။ အထူးသဖြင့် တောင် ဘက်ပိုင်း၌ တစ်နှစ်လျှင် မိုးရေချိန် ၆၅ လက်မအထိ ရွာသွန်း ၏။ မြောက်ဘက် အတွင်းကျသော ဒေသတွင် ဥရောပ အလယ်ပိုင်း ရာသီဥတုမျိုး ရှိသည်။ မော်ရေးဗားနှင့် ဗားဒါးမြစ် ဝှမ်း မြေနိမ့်ပိုင်းဒေသတွင် နွေအခါ၌ ခြောက်သွေ့၍ ဆောင်း အခါ၌ အေးမြသော ကုန်းတွင်းရာသီတုမျိုး ရှိလေသည်။ ယူဂိုစလားဗီးယားနိုင်ငံသည် သီးခြားနိုင်ငံအဖြစ် စည်းလုံးမိ ခဲ့သည့်အခါမှစ၍ သဘာဝ ပင်ရင်းပစ္စည်းများကို ရှာဖွေ ဖော်ထုတ်လုပ်ကိုင်ခဲ့ရာ စီးပွားရေးဘက်၌ များစွာ တိုးတက်ခဲ့ လေသည်။ ပန်နိုနီယန် လွင်ပြင်သည် လယ်ယာစိုက်ပျိုးရေး အတွက် အချက်အချာဒေသ ဖြစ်ပေသည်။ စိုက်ပျိုးလုပ်ကိုင် နိုင်သော မြေ ၂၃ ရာခိုင်နှုန်းတွင် ကောက်ပဲသီးနှံပင်များကို စိုက်ပျိုးလျက်ရှိ၏။ လူဦးရေ ငါးပုံ လေးပုံခန့်မှာ စိုက်ပျိုးရေး ဖြင့် အသက်မွေးသူများ ဖြစ်သည်။ ဂျုံ၊ မြင်းစားဂျုံ၊ မုယော၊ ပြောင်းဖူး၊ သကြားမှန်လာ၊ ပိုက်ဆံပင်နှင့် ဘီသွာပင်တို့ကို အဓိက စိုက်ပျိုးကြသည်။ သိုး၊ နွား၊ ဆိတ်၊ ဝက်၊ မြင်းနှင့် ကြက်ငှက်တို့ကိုလည်း မွေးမြူကြသည်။ ချိုင့် ဝှမ်းဒေသများ၌ စပျစ်ပင်၊ လိမ္မော်ပင်၊ ဆီးပင် စသော သစ်သီးပင်များကိုလည်း စိုက်ပျိုးကြသည်။ သယ်ယူ ပို့ဆောင်ရေးအခက်အခဲကြောင့် ယူဂိုစလားဗီးယားနိုင်ငံရိ စက်မှုလက်မှုလုပ်ငန်းများကို အနောက်မြောက်ပိုင်း၌ သာ များသောအားဖြင့် တွေ့ရှိရသည်။ သတ္တုတူးဖော်ရေး လုပ်ငန်းဘက်၌မူ များစွာ တိုးတက်လျက် ရှိလေသည်။ ကြေးနီ၊ သံ၊ ခဲ၊ သွပ်၊ ဗောက်ဆိုက်၊ ခနောက် စိမ်း၊ ရွှေ၊ ကရိုမီယန်၊ မန်ဂနိ၊ ကျောက်မီးသွေးတို့ကို တူးဖော် ရရှိသည်။ ယူဂိုစလားဗီးယားနိုင်ငံသည် ဥရောပနိုင်ငံများတွင် ကြေးနီ အခြေအမြစ် အများဆုံးရှိသော နိုင်ငံ ဖြစ်ပေသည်။ မြို့တော်မှာ ဗဲဂရိတ်မြို့ ဖြစ်၏။ ထင်ရှားသော အခြား မြို့ကြီးများမှာ ဆားရာဂျဲဗိုမြို့၊ ဇာဂရက်မြို့၊ ဆူဗို တိကားမြို့၊ စကုပ်လျဲမြို့နှင့် နိုးဗီဆတ်မြို့များ ဖြစ်သည်။ နိုင်ငံတွင်း လမ်းပန်း အဆက်အသွယ် အတော်အသင့် ကောင်းမွန်၏။ အထူးသဖြင့် ရေလမ်းမှ နိုင်ငံတွင်း အနှံ့အပြား ကူးသန်း သွားလာနိုင်လေသည်။ လွတ်လပ်သောနိုင်ငံ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းကြ စဉ်က ဆဗ်လူမျိုး၊ ကရိုးအက်လူမျိုးနှင့် ဆလိုဗင်း လူမျိုးတို့ သည် စည်းလုံးမိခဲ့ကြသော်လည်း လွတ်လပ်သော နိုင်ငံဖြစ်လာ သောအခါ အုပ်ချုပ်ရေးကို လူများစုဖြစ်သော ဆဗ်တို့က ကြိုးကိုင်ထားသဖြင့် ကရိုးအက်နှင့် ဆလိုဗင်းတို့က မကျေမနပ် ဖြစ်ကြလေသည်။ အယ်လက်ဇန္ဒာဘုရင်သည် ၁၉၂၁ ခုနှစ် အခြေခံဥပဒေအတိုင်း စည်းမျဉ်းခံဘုရင့်အစိုးရ စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်တော့ချေ။ ၁၉၂၉ ခုနှစ်သို့ ရောက်သောအခါ ပြည်သူ့လွှတ်တော်တွင်း၌ သတ်ဖြတ်မှုများ ပေါ်ပေါက်လာသည်အထိ အခြေအနေမှာ ဆိုးရွားလာသဖြင့် အယ်လက်ဇန္ဒာဘုရင်သည် အခြေခံဥပဒေကို ပယ်ဖျက်ပြီးလျှင် နိုင်ငံကို အာဏာရှင်အဖြစ် အုပ်စိုးခဲ့လေ သည်။ နိုင်ငံ၏ အမည်ကိုလည်း ယူဂိုစလားဗီးယားဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့၏။ ၁၉၃၁ ခုနှစ်တွင် အခြေခံ ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန်ကျေညာခဲ့ရာ အမည်အားဖြင့် ပါလီမန် အုပ်ချုပ်ရေးစနစ်အရ အုပ်ချုပ်သည်ဟုဆိုသော်လည်း စင်စစ် အားဖြင့် ဘုရင်သည် ယခင်ကကဲ့သို့ပင် အာဏာရှင်အဖြစ် အုပ်ချုပ်လျက် ရှိနေခဲ့သည်။ ၁၉၃၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အယ်လက် ဇန္ဒာဘုရင်သည် ပြင်သစ်နိုင်ငံ မာဆေးမြို့၌ လုပ်ကြံသတ်ဖြတ် ခြင်း ခံရလေသည်၊ ထိုအခါ ၁၁ နှစ်အရွယ်မျှသာရှိသော သား တော် ဒုတိယ ပီတာသည် အယ်လက်ဇန္ဒာဘုရင်၏ ဝမ်းကွဲညီ တော် ပေါမင်းသားကို ရင်ခွင်ပိုက် အုပ်စိုးသူအဖြစ်ထား၍ ထီးမွေ ဆက်ခံလေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစတွင် ယူဂိုးစလားဗီးယားနိုင်ငံသည် ကြားနေနိုင်ငံအဖြစ် စစ်ကိုရှောင်ရန် ကြိုးစားခဲ့၏။ သို့ရာတွင် ဂျာမန်စစ်တပ်များသည် ဩစတြီးယားနှင့် ချက်ကိုဆလိုဗားကီး ယား နိုင်ငံတို့ကို သိမ်းပိုက်၍ ဟန်ဂေရီ၊ ရူမေးနီးယား၊ ဘူးလ ဂေးရီးယား စသော ပတ်ဝန်းကျင်နိုင်ငံများ၌လည်း ခြေကုပ်ရနေ ကြပြီဖြစ်ရာ ၁၉၄၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ယူဂိုစ လားဗီးယားနိုင်ငံသည် ဂျာမနီနိုင်ငံ ခေါင်းဆောင်သော ဝင်ရိုးတန်းနိုင်ငံအုပ်စု၌ ပါဝင်ကြောင်း စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ရလေသည်။ ပြည်သူပြည်သားနှင့်တကွ တပ်မတော် တို့သည် ထိုစာချုပ်ကို သဘောမတူသဖြင့် အစိုးရကို တော်လှန် ပုန်ကန်ကြ၏။ မင်းသား ပေါကို ပြည်နှင်ဒဏ်ပေး၍ ၁၇ နှစ် အရွယ်သာရှိသေးသော မင်းသားပီတာကိုလည်း အရွယ်ရောက် ပြီဟု ကျေညာကာ နန်းတင်ကြပြီးလျှင် ဂျာမန်တို့ကို ခုခံရန် စစ်ပြင်ကြလေသည်။ သို့ရာတွင် ဂျာမန်တို့သည် ယူဂိုစလားဗီး ယားနိုင်ငံကို ရက်သတ္တနှစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်မိကြ သည်။ ပီတာဘုရင်နှင့် ယင်း၏ အစိုးရအဖွဲ့သည်လည်း ဗြိတိန်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးကြရလေသည်။ ဂျာမန်နှင့် အီတာလျံတို့သည် ဆားဗီးယားနှင့် ကရိုးအေး ရှီးယားပြည်းနယ်များတွင် ရုပ်သေးအစိုးရအဖွဲ့များ တည်ထောင် ခဲ့၏။ ယူဂိုစလားဗီးယားနိုင်ငံ ကျန်အပိုင်းများကိုမူ အီတလီ နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဘူလဂေးရီးယားနိုင်ငံတို့က ခွဲဝေယူကြ သည်။ သို့သော်လည်း ဆားဗီးယားပြည်မှ ဗိုလ်ချု၌် မီးဟိုင်းလို ဗစ် ခေါင်းဆောင်သော မျိုးချစ်ပြောက်ကျားတပ်များသည် ဝင်ရိုးတန်းတပ်များကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ် တွင် မာရှယ်တီးတိုးဟု အမည်တွင်သည့် ကွန်မြူနစ် ခေါင်း ဆောင် ဂျိုးဆစ် ဗရော်ဇိုဗစ်ကလည်း အခြား ပြောက်ကျား တပ်များ ဖွဲ့စည်း၍ ဂျာမန်နှင့် အီတာလျံတပ်များကို ခုခံ တိုက်ခိုက်လေသည်။ သို့ရာတွင် မကြာမီ ကွန်မြူနစ်ပျောက် ကျားတပ်များနှင့် ကွန်မြူနစ်ဆန့်ကျင်ရေး မျိုးချစ်ပြောက်ကျား တပ်များသည် အချင်းချင်း မသင့် မတင့်ဖြစ်လာကြ၏။ ထို့ပြင် မာရှယ်တီးတိုး၏ အစီအမံကောင်းမှုကြောင့် ကွန်မြူနစ် ပြောက် ကျားတပ်များ အမီးဟိုင်းလိုဗစ်အား ပေးနေသော အကူအညီကို ယောစစ် ဘရော်ဇ် တီးတိုးအား လွှဲပြောင်းပေးကြလေသည်။
၁၉၄၈ ခုနှစ်တွင် တီးတိုးနှင့် ကွန်မင်ဖောင်တို့ သဘော ကွဲလွဲမှု ပေါ်ပေါက်ခဲ့လေသည်။ ကွန်မင်ဖောင်က ယူဂိုစလားဗီး ယား၌ တီးတိုးခေါင်းဆောင်မှုမှာ အနောက်ပိုင်း နိုင်ငံများဘက် သို့ ယိမ်းယိုင်လျက်ရှိသဖြင့် ဆိုဗီယက်တို့၏ဝါဒနှင့် ဆန့်ကျင် သည်ဟု စွပ်စွဲ၏။ ထိုကြောင့် တီးတိုးသည် မိမိကျင့်သုံးနေ သော ဝါဒကို မပြောင်းလျှင် ခေါင်းဆောင်အရာမှ ဖယ်ရှားပေး မည်ဟု တောင်းဆိုလာ၏။ သို့သော်လည်း တီးတိုးက ကွန်မင် ဖောင်တွင် ပါဝင်သော မည်သည့်နိုင်ငံ၏ ဩဇာကိုဖြစ်စေ၊ ဆိုဗီယက်၏ ဩဇာကိုဖြစ်စေ နာခံမည်မဟုတ်ကြောင်း ထုတ်ဖော် ကျေညာခဲ့သည်။ ၁၉၄၈ ခုနှစ်၌ပင် နိုင်ငံတွင်းရှိ တသီးပုဂ္ဂလပိုင် စက်မှုလက်မှုလုပ်ငန်းများကို ပြည်သူပိုင် အဖြစ် သိမ်းယူခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မာရှယ်တီးတိုးသည် ယူဂိုစလားဗီးယား နိုင်ငံ၏ သမ္မတဖြစ်လာလေသည်။[၅] ကိုးကား
|
Portal di Ensiklopedia Dunia