ယေရမိအနာဂတ္တိကျမ်း
၁။ စံတော်မီဝိသေသလက္ခဏာ ပရောဖက်ယေရမိကို ပရောဖက်ငိုကြီးအဖြစ် လူသိများသည်။ ထို “ငိုခြင်း” သည် ဤကျမ်းစာ၏ သော့ချက်စကားလုံးများဖြစ်သည်။ ထိုသို့ ငိုရခြင်းအကြောင်းအရင်းကို သိရှိလျှင် ဤကျမ်းစာ၏ အနှစ်သာရကို သိနားလည်သွားပေမည်။ ယောရှိနောက်ပိုင်းတွင် ဗာဗုလုန်၊ အဲဂုတ္တုနှင့် အာရှုရိ နိုင်ငံတကာ တင်းမာမှုအကြားတွင် ယုဒလူများ ဘော်လီဘော အပုတ်ခံနေရသည့်အချိန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရှိကြပြီးနောက် ရုပ်တုဆင်းတုဝါဒီ နောက်သို့ တဖန်လိုက်ပါသွားကြသည့်ကာလ ဖြစ်သည်။ ယနေ့ အနောက်နိုင်ငံများသည်လည်း ထိုကဲ့သို့ ဖြစ်နေကြသည်။ ၂။ ကျမ်းရေးသူ ဤအနာဂတ္တိကျမ်းကို ယေရမိ (ဟေဗြဲဘာသာဖြင့် Yirmeyahu သို့မဟုတ် Yirmeyah) ရေးသည်။ နာမည်၏ အဓိပ္ပာယ်မှာ “ယေဟောဝါပစ်ခတ်သည်။ သို့မဟုတ်ပစ်ခါသည်” ဖြစ်သည်။ “ယေဟောဝါတွင် ဆောက်တည်သည်” ဟုလည်း ဆိုနိုင်သည်။ “ယေဟောဝါကို ချီးကျူး” ဟုလည်း ကောက်ယူနိုင်သည်။ ယေရုရှလင်မှ ၃ မိုင်နီးပါး ခန့်ဝေးသော ဗင်္ယာမိန်နယ်၊ အာနသုတ်မြို့မှ ယဇ်ပုရောဟိတ် ဟိလခိ၏သား ဖြစ်သည်။ ထိုခေတ်ကာလ ဓမ္မဆရာများသည် သူတို့၏ ရာထူးဌာနန္တရနှင့် ငွေကြေးလုံခြုံမှုအတွက်သာ ဦးစားပေး ဟောပြောကြသဖြင့် တရားနာပရိသတ်က နားထောင်လိုစိတ် မရှိကြ။ ယေရမိကိုလည်း ဒီပုတ်ထဲက ဒီပဲဟု ပရိသတ်ကမြင် ကြသည်။ သို့သော် ယေရမိပရောဖက်ပြုချက်သည် ထိုသူများနှင့်မတူ၊ ထိုသူများကဲ့သို့မဟုတ်။ ၃။ အချိန်ကာလ ယေရမိကျမ်းတွင် ဖြစ်ပျက်သည့် ခုနှစ်၊ လများကို အသေအချာ ဖော်ပြထားသည်။ ဘီစီ၆၂၇ယောရှိမင်း နန်းစံ၁၃နှစ် (ငယ်၁:၂)တွင် အမှုတော်စတင်သည်။ ဇေဒကိမင်း နန်းစံ(၁၁)နှစ်တိုင်အောင် ကြာရှည်သည်။ ယေရုရှလင်မြို့ပြိုလဲခြင်း နှင့်ယုဒလူများ ဗာဗုလုန်သို့ ရောက်ရှိကြမည့်(ဘီစီ၅၈၆)ကာလထိနှစ်ပေါင်း(၄၀) ခန့် ပရောဖက်ပြုခဲ့သည်။ ယေရုရှလင် ကျဆုံးသောအခါ ဗာဗုလုန်ဘုရင်ခံ gedaliah ဂေဒလိမင်းက ယေရမိအားကာကွယ်ပေးသည်။ ယုဒအစွန်းရောက်သူတို့ လုပ်ကြံ၍ ဂေဒလိမင်း သေဆုံးသွားသည့်အခါ အဲဂုတ္တုပြည်တွင် အထီးကျန်လွမ်းမောဖွယ် နေ့ရက်များ ကုန်ဆုံးခဲ့သည်။ ဘီစီ၅၈၂ (အခန်း၄၀၄၂) တိုင်အောင် ပရောဖက်ပြုခဲ့သည်။ မှတ်သားရန် အချက်မှာ ပရောဖက်ပြုချက်များ နှစ်အကန့်အသတ်အပိုင်း အခြားလိုက် ဟောပြောခြင်း မဟုတ်ပါ။ ၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက် မြောက်ပိုင်းဣသရေလနိုင်ငံ အာရှုရိလက်အောက်သို့ ကျရောက်ပြီးနောက်၊ ယုဒနိုင်ငံ မပျောက်ဆုံးမီနှစ်ကာလ အတန်ကြာက စ၍ ယေရမိပရောဖက်ပြုခဲ့သည်။ ထိုခေတ်ကာလသည် အာရှုရိ၊ အဲဂုတ္တုနှင့် ဗာဗုလုန်တို့ သုံးပွင့်ဆိုင်တန်ခိုး ကြီးထွားသည့် အချိန် ဖြစ်သည်။ ယုဒလူများသည် ဗာဗုလုန်လက်အောက်သို့ကျ ရောက်ကြမည့် အကြောင်း ဘုရားသခင်က သတိပေးထားသည်။ အဲဂုတ္တုများနှင့် မဟာမိတ်ပြုဖို့ ယေရမိက မဟောကြားပါ။ အာရှုရိတို့၏ နိနဝေမြို့ကောင်းစားသည့် နှစ်ပေါင်း(၂၀)အတွင်းတွင် ယုဒလူမျိုးကို ကူညီစောင့်ရှောက်ခဲ့ကြသော်လည်း မြို့တော်ပျက်သုဉ်းပြီးသည့်နောက်တွင် ဖရိုဖရဲဖြစ်ခဲ့ကြသည်။ အဲဂုတ္တု ဘုရင် nechoနေခေါသည် ပါလက်စတိုင်းကို ဖြတ်လျက် မြောက်ပိုင်း ဟာရန်သို့ ချီတက်ရင်း ယောရှိမင်းကို (ဘီစီ၆၀၉)တွင် တိုက်ခိုက်သတ်ဖြတ်လိုက်သည်။ နေဗုခ်နေဇာမင်းသည် ယုဒပြည်အား ကာလအတန်ကြာ ဘေးမဲ့ပေးထားခဲ့သည်။ ဘီစီ၅၆၈တွင် နေဗုခ်နေဇာသည် ယေရုရှလင်ကို တဖန်တိုက်ခိုက်သိမ်းပိုက်၍ ယောယချိန်မင်းနှင် ့ပိုက်၍ ယောယချိန်မင်းနှင့် တကွလူအချို့ကို ဖမ်းဆီးခေါ်ဆောင်၍ ဇေဒကိကို နန်းတင်သည်။ necho နေခေါအား ဆက်ခံသူ psamtikiiသည် ဗာဗုလုန်ကို ရင်ဆိုင်ရန် မဟာမိတ်အုပ်စု တစ်ခုကို စည်းရုံးသည်။ ထိုအဖွဲ့၌ ယုဒတို့ပါဝင်ခြင်းကို ယေရမိက အသည်းအသန် ဆန့်ကျင်ခဲ့သည် (ဥပမာ-အခန်း၂၈ကိုကြည့်)။ မဟာမိတ် အုပ်စု၌ ပါဝင်ရန် ဟောပြောသူများသည် မှားယွင်းသောပရောဖက်များ ဖြစ်သည် ဟု ယေရမိကဆိုသည်။ အဲဂုတ္တုတို့ အကြံအစည်အတိုင်း ဇေဒကိသည် ဗာဗုလုန်နှင့် ပဋိညာဉ်အား ချိုးဖောက်လျက် ဗာဗုလုန်အုပ်ချုပ်ရေးကို ဖယ်ရှားကာယေရုရှလင်ကို ဝိုင်းရံပိတ်ဆို့သည်။ ဘီစီ၅၈၈၌ အဲဂုတ္တုစစ်တပ်က ဝိုင်းရံပိတ်ဆို့မှုကို ရုပ်သိမ်း၍ များမကြာမီ ယုဒတို့က အဲဂုတ္တုများအား မခိုင်မြဲသော ကျူပင်အဖြစ် မြင်လာသဖြင့် နောက်တဖန် ဝိုင်းရံပိတ်ဆို့ပြန်သည်။ ဤနေရာတွင် ယေရမိသည် ယေရုရှလင်မြို့တော် ပျက်သုဉ်းပြိုလဲမည့်သူ၏ ပရောဖက်ပြုချက်ပြည့်စုံလာသည်ကို မျက်ဝါးထင် ထင်တွေ့မြင်ရ၍ ဝမ်းနည်းပက်လက်ဖြစ်ရသည်။ ယုဒလူတို့သည် သူတို့အပြစ်အလျောက် ဗာဗုလုန်တွင် နှစ်ပေါင်း(၇၀)ကျွန် ခံရမည်ဟု ဘုရားရှင်က ယေရမိအား ဗျာဒိတ်ပေးသည်။ ယေရမိ၏ ထိုပရောဖက် ပြုချက်ကို လူများက လက်မခံချင်ကြ။ ဗာဗုလုန် အုပ်စိုးခြင်းကို ဝန်မခံကြချင်။ ထို့ကြောင့်ယေရမိအား သစ္စာဖောက်ဟု စွပ်စွဲရန်ရှာကြသည်။ ပြည်ပကျူးကျော်သူများ၏ လက်ချက်ဖြင့် ယေရုရှလင်မြို့ ဗုံးဗုံးလဲပြီးသည့်အခါ ယေရမိသည် ယုဒလူအချို့နှင့်အတူ ဇာတိတိုင်း ပြည်၌ နေထိုင်ခွင့်ရသည်။ ကျန်ရှိသော ယုဒလူတို့အား အဲဂုတ္တုသို့ မခိုလှုံကြရန် ဟောပြောသော်လည်း မနာခံကြဘဲ ယေရမိကိုပါ အပါခေါ်ဆောင်ကာ အဲဂုတ္တုသို့ ထွက်ပြေးသည်။ ထိုပြည်မှာပင် ကံကုန်သည်။ ဗာဗုလုန်ဖမ်းဆီးခြင်းခံရပြီးနောက်၊ နှစ်ပေါင်း(၇၀)ကြာလျှင် ထိုပြည်လည်း ပြိုလဲမည့်အကြောင်း ယုဒလူများနေရပ် ဌာနနေသို့ ပြန်ရောက်ရှိကြမည့် အကြောင်းကိုလည်း ယေရမိကြိုတင်မြင်ခဲ့သည်။ ပါဝင်သောအချက်များ ၁။ နိဒါန်း၊ယေရမိအားပရောဖက်ရာထူးခန့်အပ်ခြင်း(အခန်း၁) ၂။ ပြည်ပသို့ယေရမိအမှုတော်(အခန်း၂-၁၀) (က)ယုဒတို့၏သစ္စာပျက်ခြင်း(၂:၁-၃:၅) (ခ)ယုဒတို့အနာဂတ်သည်နောင်တတရားပေါ်တွင်တည်ခြင်း (၃:၆-၆:၃၀) (၁)အတိတ်အပြစ်နှင့်အနာဂတ်ကောင်းကြီးမင်္ဂလာ(၃:၆-၁၈) (၂)နောင်တရရန်လိုအပ်ခြင်း(၃:၁၉-၄:၄) (၃)မြောက်အရပ်မှတရားစီရင်ခြင်းအမင်္ဂလာ(၄:၅-၃၁) (၄)ယုဒတို့၏အပြစ်ဒုစရိုက်တရားစီရင်မည့်အကြောင်း(အခန်း၅) (၅)ယေရုရှလင်မြို့ပျက်သုဉ်းမည့်အကြောင်းနိမိတ်ပေးခြင်း (အခန်း၆) (ဂ)ဗိမာန်တော်တံခါးတွင်ယေရမိအမှုတော်(အခန်း၇-၁၀) (၁)ဘာသာရေးဘဝင်မြင့်သောယုဒများ(အခန်း၇) (၂)ယုဒတို့၏စာနာစိတ်ကင်းမဲ့ခြင်း(အခန်း၈) (၃)ပရောဖက်ယေရမိငိုခြင်း(အခန်း၉) (၄)ရုပ်တုဆင်းတုကိုးကွယ်မှုပြက်ယယ်ပြုခြင်း(၁၀:၁-၁၈) ( ၅)ပရောဖက်ငိုကြီး၏ဆုတောင်း(၁၀:၁၉-၂၅) ၃။ ယေရမိ၏အတွေ့အကြုံ(အခန်း၁၁-၁၉) (က)ယေရမိနှင့်အာနသုတ်မြို့သားများ(အခန်း၁၁၊၁၂) (ခ)ယေရမိနှင့်ပျက်စီးသောခါးပန်း(အခန်း၁၃) (ဂ)မိုးခေါင်၍ယေရမိကြားဝင်လုပ်ဆောင်ခြင်း(အခန်း၁၄၊၁၅) (ဃ)ယေရမိ၏အားသွန်ခွန်စိုက်အမှုတော်(အခန်း၁၆:၁-၁၈) (င)ယေရမိ၏တည်ကြည်ခိုင်မြဲခြင်း(အခန်း၁၇:၁၉-၂၇) (စ)ယေရမိ၏ဥပုသ်နေ့အကြောင်းဒေသနာ(၁၇:၁၉-၁၇:၁၈) (ဆ)အိုးထိန်းသမားအိမ်ရောက်ယေရမိ(အခန်း၁၈) (ဇ)ယေရမိနှင့်ရေဘူး(အခန်း၁၉) ၄။ ပရောဖက်ပြုချက်နှင့်ယုဒဘာသာရေးခေါင်းဆောင်များဆန့်ကျင်ပုံ (အခန်း၂၀-၂၃) (က)ပရောဖက်ပြုချက်နှင့်ပရောဟိတ်ပါရှုရခြားနားပုံ(၂၀:၁-၆) (ခ)ဘုရားသခင်ထံသို့ယေရမိ၏စောဒက(၂၀:၇-၁၈) (ဂ)ပရောဖက်ပြုချက်နှင့်ဇေဒကိမင်း(၂၁:၁-၂၂:၉) (ဃ)ပရောဖက်ပြုချက်နှင့်ရှလုံမင်း(၂၂:၁၀-၁၂) (င)ပရောဖက်ပြုချက်နှင့်ယောယကိမ်မင်း(၂၂:၁၃-၂၃) (စ)ပရောဖက်ပြုချက်နှင့်ယောယကိမ်မင်း(၂၂:၂၄-၃၀) (ဆ)ပရောဖက်ပြုချက်နှင့်မှန်ကန်သောမင်း(၂၃:၁-၈) (ဇ)ပရောဖက်ပြုချက်နှင့်ယုဒမိစ္ဆာပရောဖက်များ(၂၃:၉-၄၀) ၅။ ယေရုရှလင်မြို့ပျက်သုဉ်း၍ဗာဗုလုန်ကျွန်ပြုမည့်ပရောဖက်ပြုချက် (အခန်း၂၄-၂၉) (က)သင်္ဘောသဖန်းပင်အတိတ်နိမိတ်(အခန်း၂၄) (ခ)ဗာဗုလုန်တွင်နှစ်ပေါင်း(၇၀)ကျွန်ခံမည့်အကြောင်းနိမိတ်(၂၅:၁-၁၁) (ဂ)ကျွန်ပြုသူဗာဗုလုန်သခင်များတရားစီရင်ခြင်းခံရမည်(၂၅:၁၂-၃၈) (ဃ)ပြည်သူများသို့ယေရမိသတိပေးစကား(အခန်း၂၆) (င)ထမ်းပိုးနိမိတ်လက္ခဏာ(အခန်း(၂၇) (စ)မိစ္ဆာပရောဖက်ဟာနနိသေခြင်း(အခန်း၂၈) (ဆ)ဗာဗုလုန်ကမန်ယုဒများသို့ယေရမိစကား(အခန်း၂၉) ၆။ ပြန်လည်စုစည်းထူထောင်မည့်အကြောင်းပရောဖက်ပြုချက်(အခန်း၃၀) (က)သုံ့ပန်းများပြန်လည်စုစည်းခြင်း(အခန်း၄၀) (ခ)နိုင်ငံတော်ပြန်လည်ထူထောင်ခြင်း(၃၁:၁-၃၀) (ဂ)ပဋိညာဉ်သစ်ဖွင့်ပြခြင်း(၃၁:၃၁-၄၀) (ဃ)မြို့တော်ပြန်လည်တည်ဆောက်ကြမည့်အကြောင်း(အခန်း၃၂) (င)ပဋိညာဉ်သစ်ထပ်မံအတည်ပြုခြင်း(အခန်း၃၃) ၇။ သမိုင်းကြောင်းကဏ္ဍ(အခန်း၃၄-၄၅) (က)ယေရုရှလင်နှင့်ယုဒပြည်ပျက်သုဉ်းခြင်း(အခန်း၃၄-၄၅) (၁)ဇေဒကိဖမ်းဆီးခံရခြင်း(အခန်း၃၄) (၂)ရေခပ်သားများနာခံခြင်းဆုလက်ဆောင်(အခန်း၃၅) (၃)ယောယကိမ်မင်းကယေရမိ၏စာချွန်တော်မီးရှို့ခြင်း (အခန်း၃၆) (၄)ယေရမိထောင်ကျခြင်းနှင့်ဇေဒကိမင်းကစစ်ကြောခြင်း (အခန်း၃၇၊၃၈) (၅)ယေရုရှလင်ပျက်သုဉ်းခြင်း(အခန်း၃၉) (ခ)ယေရုရှလင်ပျက်သုဉ်းပြီးနောက်ပိုင်းယုဒပြည်(အခန်း၄၀-၄၂) (၁)အုပ်စိုးသူဂေဒလိမင်းထံယေရမိခစားခြင်း(အခန်း၄၀) (၂)ဂေဒလိမင်းလုပ်ကြံသတ်ဖြတ်ခံရခြင်း(အခန်း၄၁) (၃)အဲဂုတ္တုပြည်သို့မထွက်ခွာရန်ဘုရားသခင်တားမြစ်ခြင်း (အခန်း၄၂) (ဂ)ယေရမိနှင့်အဲဂုတ္တုရှိလက်တဆုပ်စာကြွင်းကျန်သူများ (အခန်း၄၃၊၄၄) (ဃ)ဗာရုတ်သို့သတင်းစကားတော်(အခန်း၄၅) ၈။ တပါးအမျိုးသားများဆန့်ကျင်မည့်ပရောဖက်ပြုချက်များ(အခန်း၄၆-၅၁) (က)အဲဂုတ္တုအမျိုး(အခန်း၄၆) (ခ)ဖိလိတ္တိအမျိုး(အခန်း၄၇) (ဂ)မောဘအမျိုး(အခန်း၄၈) (ဃ)အမ္မန်အမျိုး(၄၉:၁-၆) (င)ဧဒုံအမျိုး(၄၉:၇-၂၂) (စ)ဒမာသက်အမျိုး(၄၉:၂၃-၂၄) (ဆ)ကေဒါနှင့်ဟာဇော်အမျိုး(၄၉:၂၈-၃၃) (ဇ)ဧလံအမျိုး(၄၉:၃၄-၃၉) (ဈ)ဗာဗုလုန်အမျိုး(အခန်း၅၀-၅၁) ၉။ နိဂုံး။ ယေရုရှလင်မြို့ပျက်သုဉ်းခြင်း(အခန်း၅၂) TAGS: ယေရမိအနာဂတ္တိကျမ်း ကိုးကား |
Portal di Ensiklopedia Dunia