ယေးလ်တက္ကသိုလ်
ခရစ်ယာန် ဘုန်းတော်ကြီများက ၁၇ ရာစုနှစ်တွင် ‘ကောလိပ်ကျောင်း’ အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုလိုနီနယ်အတွက် ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် နိုင်ငံရေး ခေါင်းဆောင်များ ပျိုးထောင်ပေးရန် ရည်ရွယ်ခဲ့သည်။ ၁၇၁၈ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ပဏီ အကြီးအကဲ အယ်လီဟူ ယေးလ် (Elihu Yale) အား ဂုဏ်ပြုသည့်အနေဖြင့် ယေးလ်ကောလိပ်ဟု အမည်ပြောင်းခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် မဟာ ဝိဇ္ဇာသိပ္ပံဌာနသည် အမေရိကန်တွင် ပထမဦးဆုံး ပါရဂူဘွဲ့အပ်နှင်းသည့် ကျောင်းတစ်ကျောင်း ဖြစ်လာသည်။[၃] ၁၉၃၀ ပြည့်လွန်နှစ်များတွင် ကျောင်းသားများ အဆောင်နေစနစ်ကို စတင်ကျင့်သုံးခဲ့ရာမှ ယေးလ်ကောလိပ်သည် အသွင် ပြောင်းလဲ လာသည်။ လက်ရှိတွင် အဆောင် ၁၂ ခု ရှိပြီး နောက် ၂ ခု ဆက်လက် တည်ထောင်ရန် လျာထားသည်။ ယေးလ်တက္ကသိုလ်တွင် ဆရာ ၁၁၀၀၊ တက္ကသိုလ်ကျောင်းသား ၅၃၀၀၊ မဟာတန်းကျောင်းသားနှင့် ဆေးပညာ၊ ဆေးဝါးပညာ၊ သူနာပြု၊ ဥပဒေနှင့် စက်မှုကျောင်းသား ၆၁၀၀ ခန့်ရှိသည်။ တက္ကသိုလ် ကျောင်းသားများအတွက် နှစ်စဉ် ဘာသာရပ်ဆိုင်ရာ အတန်း ၂၀၀၀ ကျော် ဖွင့်လှစ်လေ့ရှိသည်။[၄] ယေးလ်တက္ကသိုလ်တွင် စာအုပ်ပေါင်း ၁၂.၅ သန်းကျော် သိမ်းဆည်းထားသည့် စာကြည့်တိုက်ပေါင်း ၂၀ ကျော်ရှိကာ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး တက္ကသိုလ် စာကြည့်တိုက် ဖြစ်သည်။[၅] ယေးလ်တက္ကသိုလ်မှ အမေရိကန် သမ္မတ ၅ ဦး၊ အမေရိကန် တရားရုံးချုပ် တရားသူကြီး ၁၉ ဦးနှင့် နိုင်ငံခြားတိုင်းပြည်မှ ခေါင်းဆောင် အတော်များများကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia