ရခိုင်မင်းသမီး ဧချင်း

အဒူမင်းညို ရေးသော ရခိုင်မင်းသမီး ဧချင်းသည် အထင်အရှား တွေ့ရှိရသော ဧချင်းများတွင် အဟောင်းဆုံးဖြစ်သည်။ ဧချင်းဖွဲ့ဆိုသော ခုနှစ်ကိုကား အတိအကျ မသိရပေ။[] အင်းဝဘုရင် နရပတိနှင့် ထီးပြိုင် နန်းပြိုင်ဖြစ်သော ရခိုင်ဘုရင်ဘစောဖြူ နန်းတက်သည့် မြန်မာ သက္ကရာဇ် ၈၁၇ ခုနှစ် က ထိုဧချင်းကို ဖွဲ့ဆိုထားခဲ့သည်ဟု ယူဆရသည်။

ထိုဧချင်းသည် တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ပေါ် ဧချင်းများလောက် ရာဇဝင်ကြောင်းတွင် မပြည့်စုံလှသော်လည်း ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ရှင်းလင်းပြတ်သားစွာ ဖွဲ့ဆိုထားသည်။ သုံးနှုန်းထားသော စကားလုံးတို့သည်လည်း သုတိသာယာ၍ ပေါ်လွင်လှပေသည်။

ကိုးကား

  1. ဦးဖေမောင်တင် ရေး ရှေးဟောင်း မြန်မာစာပေ သမိုင်း


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya