ရင်းမူကုန်းရွာ၊ ရွှေတောင်မြို့နယ်
ရင်းမူကုန်းရွာ (အင်္ဂလိပ်: Yinmukone)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ယင်းမူကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၂၆၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ယင်းမူကုန်းကျေးရွာအုပ်စုတွင် ကျား ၂၀၀၃ ဦး၊ မ ၂၂၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၄၂၇၁ ဦးနေထိုင်သည်။[၁] မိသားစုရပ်ကွက်၊ မြသီတာရပ်ကွက်၊ မြသီရိရပ်ကွက်၊ တောင်စု၂ရပ်ကွက်၊တောင်စု၁ရပ်ကွက်၊ ဝန်ကြီးကုန်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သုနန္ဒာရပ်ကွက် ရပ်ကွက်၈ခုဖြင့်တည်ရှိသည်။ ကျွေးရွာအုပ်စုသံဃမဟာနာယကအဖွဲ့ရုံးစိုက်ရာ အုပ်စုရွာဖြစ်သည်။ ဧရာဝတီမြစ်၏ မြေဩဇာပို့ချမှူကို အခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးမြူကြသည်။ စိုက်ပျိုးသောသီးနှံများမှာ ပဲအမျိုးမျိုး၊ သစ္စာပန်း၊ ခရမ်းချဉ်၊ ငရုတ်၊ ပြောင်း စသည်ဖြင့်စိုက်ပျိုးကြသည်။ ထင်ရှားသောနေရာများမှာ ပြည်လုံးချမ်းသာစေတီတော်၊ အောင်ဓမ္မသိဒ္ဓိစေတီတော်တို့ဖြစ်သည်။ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများမှာ ဓမ္မဝိဟာရဓမ္မာရုံကျောင်း၊ ဇေယျသုခကျောင်း တို့ဖြစ်သည်။ အခြေခံပညာအထက်တန်းကျောင်းနှင့် အမက တောင်စု ကျောင်းတည်ရှိသည်။ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နှင့်နီးစပ်လျက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia