ရတနာပုံမိဖုရား (ပင်းယ)
ရတနာပုံ သည် ပင်းယနေဘုရင် တစ်စီးရှင် သီဟသူ၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ သူမသည် စစ်ကိုင်းဘုရင်များဖြစ်သော အသင်္ခယာ စောယွန်းနှင့် တရဖျားကြီးတို့၏ မယ်တော် ဖြစ်သည်။ ရတနာပုံ မိဖုရားသည် မြောက်ပိုင်းဒေသတစ်နေရာရှိ လင်းယဉ်ရွာမှ သာမန်အရပ်သူတစ်ဦး ဖြစ်သည်။ သူမသည် ရှမ်းလူမျိုးတစ်ဦး ဖြစ်ဟန်တူသည်။[note ၁] ၁၂၉၈ ခုနှစ်တွင် သူမသည် ၁ နှစ်အရွယ်ကလေးငယ်နှင့် မုဆိုးမတစ်ဦးဖြစ်ကာ တောင်အရပ်သို့ ခရီးထွက်စဉ် အမဲလိုက်ထွက်လာသော သီဟသူနှင့် တွေ့ခဲ့သည်။ အစ်ကိုနှစ်ဦးနှင့်အတူ မြင်စိုင်းနေပြည်တော်ကို တည်ထောင်ခဲ့သူ သီဟသူက ရတနာပုံအား ကိုယ်လုပ်တော်အဖြစ် ကောက်ယူခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် ပထမဆုံးသားတော် စောယွန်းကို မွေးဖွားခဲ့သည်။ သမီးတော် စောပုလဲအား မမွေးဖွားမီအထိ သူမသည် ကိုယ်လုပ်တော်အဖြစ်သာ ရှိနေခဲ့သည်။ ယင်းနောက် သူမအား မြောက်နန်းမတော် မိဖုရားအဖြစ် မြှောက်စားခဲ့သည်။[၁] မိဖုရားမှ ဆင်းသက်လာသူများတွင် စစ်ကိုင်းဘုရင်များဖြစ်သော အသင်္ခယာ စောယွန်းမှ တရဖျားငယ်တို့အထိ ပါဝင်သလို အင်းဝနေပြည်တော်အား တည်ထောင်ခဲ့သူ သတိုးမင်းဖျားဘုရင်လည်း ပါဝင်သည်။[note ၂] ထို့အပြင် မိဖုရားခေါင်များဖြစ်သော အင်းဝ ရှင်ဘို့မယ်နှင့် ရှင်မြတ်လှ တို့သည်လည်း ရတနာပုံမိဖုရား၏ အဆက်အနွယ်များ ဖြစ်ကြသည်။[၁] မှတ်စု
ကိုးကားကျမ်းပြုစာရင်း
|
Portal di Ensiklopedia Dunia