ရန်ကုန်မြို့သစ်စီမံကိန်းရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အဆိုပြုသော စီမံကိန်းဖြစ်သည်။ အဆိုပြုမြေနေရာသည် ၄,၇၄၅ ဟတ်တာကျယ်ဝန်းပြီး လှိုင်သာယာ-တွံတေး မြစ်ကြောင်းလမ်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်အကြားတွင် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိဟုသော စွပ်စွဲချက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အဆိုပါစီမံကိန်းကို ဆိုင်းငံထားခဲ့ရသည်။ ထိုစီမံကိန်းသတင်းကြောင့် ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုမှ မြေဈေးများ အဆမတန်မြှင့်တက်ခဲ့သည်။ ဆိုင်းငံကာလ ၁၀ လကျော်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ထိုစီမံကိန်းကို လက်ခံခဲ့သည်။[၁] ထိုစီမံကိန်းတွင် မြစ်ကူးတံတားကြီး ၆စင်းနှင့် မြို့အင်္ဂါရပ်နှင့်ညီသော အခြေခံအဆောက်အအုံများ ပါဝင်သည်။[၂] ထိုစီမံကိန်းသည် အစောပိုင်းတွင် ရန်ကုန်မြို့တော် ဖွံဖြိုးရေးစီမံကိန်း Master Plan အဖြစ် Japan International Cooperation Agency (JICA)မှ အဆိုပြုသော စီမံကိန်းတွင်လည်း မပါဝင်ပေ။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia