ရိုနန် ကိတင်း
ရိုနန် ပက်ထရစ် ဂျွန် ကိတင်း [၁] (၁၉၇၇ မတ်လ ၃ ရက်မွေး) သည် အိုင်ယာလန်လူမျိုး အဆိုတော်၊သီချင်းရေးဆရာ၊ဂီတသမား နှင့် ပရဟိတ လုပ်ငန်းဆောင်ရွက်သူတစ်ဦး ဖြစ်ပြီး လက်ရှိတွင် မက်ဂျစ်ရေဒီယို၌ မနက်စာစားချိန် ထုတ်လွှင့်မှုကို တင်ဆက်နေသူဖြစ်သည်။ သူသည် ၁၉၉၄ တွင် ကိသ် ဒပ်ဖီ၊ မိုက်ကယ် ဂရေဟမ်၊ ရှိန်း လင့်ချ်၊စတီဖင် ဂိတ်လေ တို့နှင့် အတူ အိုင်ယာလန် တေးဂီတ အဖွဲ့ ဘွိုင်းဇုန် ၏ လက်ထောက်ခေါင်းဆောင် အဆိုတော် အဖြစ် စတင်ပွဲထွက်ခဲ့သည်။ သူသည် တစ်ကိုယ်တော် ဂီတသမားဘဝကို ၁၉၉၉ တွင် စတင်ခဲ့ပြီး အယ်လ်ဘမ် ၁၁ ချပ် အသံသွင်းခဲ့သည်။ သူ၏ သီချင်း ဖြစ်သော "When You Say Nothing At All" သည် နော့တင်းဟေးလ် ရုပ်ရှင်တွင် အသားပေးဖော်ပြခဲ့ပြီးနောက် တကမ္ဘာလုံး၏ အာရုံစူးစိုက်မှုကို ရရှိခဲ့ကာ နိုင်ငံအချို့တွင် နံပါတ် ၁ သီချင်း ဖြစ်လာခဲ့သည်။ ကိတင်း သည် တစ်ဦးတည်း အနေဖြင့် ဓာတ်ပြားချပ် သန်း ၂၀ ကျော် ရောင်းချခဲ့ရပြီး ဘွိုင်းဇုန်နှင့် အတူ ၂၅ သန်း ရောင်းချခဲ့ရသည်။[၂] ဩစတြေးလျတွင် သူ့အား "အောလ် တူဂဲသား နောင်း" နှင့် "အိတ်ဇ် ဖက်တာ" ရုပ်မြင်သံကားစီးရီးများတွင် ဒိုင်အဖြစ် ၂၀၁၀ မှ ၂၀၁၄ အထိ လူသိများခဲ့ပြီး[၃] ၂၀၁၆ တွင် သည်ဗွိုက်စ် ဩစတြေးလျတွင် နည်းပြ အဖြစ် လူသိများခဲ့သည်။ ကိတင်းသည် ပရဟိတလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်လေ့ ရှိပြီး ရင်သားကင်ဆာဆိုင်ရာ အသိပေးလုပ်ဆောင်သော မေရီကိတင်း ဖောင်ဒေးရှင်း အတွက် အလှူခံ ကမ်ပိန်း ဆောင်ရွက်လေ့ရှိကာ မေရီကိတင်း ဖောင်ဒေးရှင်းသည် ၁၉၉၈ ခုနှစ်က ရင်သားကင်ဆာဖြင့် ကွယ်လွန်ခဲ့သော သူ၏ မိခင်အမည်ကို ပေးထားခြင်း ဖြစ်သည်။ ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ
ကိုးကား
|
Portal di Ensiklopedia Dunia