ရိုမန်ကတ်သလစ် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်း ရန်ကုန်
ရန်ကုန် ရိုမန်ကက်သလစ် မက်ထရိုပိုလီတန် (အင်္ဂလိပ်: Roman Catholic Archdiocese of Yangon; လက်တင်: Archidioecesis Yangonensis) သည် ခရစ်တော်သာသနာ့နယ်မြေ သို့မဟုတ် မြန်မာနိုင်ငံရှိ ရိုမန်ကတ်သလစ် ခရစ်ယာန် အသင်းတော်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်း ဖြစ်သည်။ ၂၀၀၃ မေလ ၂၄ ရက်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်က ချားလ်စ်ဘိုကို ရန်ကုန် အာချီဘစ်ရှော့ပ်အဖြစ် ခန့်အပ်သည်။ သမိုင်းကြောင်းအသင်းတော်ဂိုဏ်းအုပ်ကျောင်းကို ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ပီးယပ်စ် ကိုးက မြန်မာပြည် အနောက်တောင်ဒေသဆိုင်ရာ Apostolic Vicariate အဖြစ်စတင်တည်ထောင်ပြီး ၁၈၇၀ ဇူလိုင် ၁၉ တွင် မြန်မာပြည်တောင်ပိုင်းဆိုင်ရာ Apostolic Vicariate အဖြစ်လည်းကောင်း၊ ထို့နောက် ၁၉၅၃ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ Apostolic Vicariate အဖြစ်လည်းကောင်း အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။ ၁၉၅၅ ဇန်နဝါရီ ၁ ရက်နေ့တွင် ပုပ်ရဟန်းမင်း ပီးယပ်စ် ဆယ့်နှစ်က မက်ထရိုပိုလီတန် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး မော်လမြိုင်၊ ပုသိမ်၊ ပြည် နှင့် ဖားအံကိုပါ တွဲဘက်အုပ်ချုပ် စေသည်။ ၁၉၉၁ အောက်တိုဘာ ၈ တွင် ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က ရန်ကုန် ခရစ်ယာန်အသင်းတော် ဂိုဏ်းအုပ်ကျောင်းအဖြစ် အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။
စာရင်းအင်း အချက်အလက်၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘုန်းတော်ကြီး ၈၃ ပါးနှင့် ဘာသာဝင် ၃၁၂ ဦးရှိသည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia