ရိုအာ အားမန်ဆင်
ကမ္ဘာ့ဝင်ရိုးစွန်းအရပ်များသို့ စွန့်စားသွားလာခဲ့သော နော်ဝေး လူမျိုး[၂] ရိုအဲအားမန်းဆင်သည် နော်ဝေးနိုင်ငံ အော့စလိုမြို့တော် တွင် ပညာသင်ကြား၍ ဝိဇ္ဇာဘွဲ့ကို ယူပြီးနောက် ဆေးပညာကို လေ့လာခဲ့၏။ သို့သော် ၁၈၉၄ ခုနှစ်တွင် ရေတပ်သို့ ဝင်ရောက် အမှုထမ်းခဲ့လေသည်။ ၁၉ဝ၃ ခုနှစ်တွင် အနောက် မြောက်လမ်းခရီးအတိုင်း အာတိတ်ဒေသသို့ ဂျိုယာအမည်ရှိ တစ်ပင်တိုင်ရွက်သင်္ဘော ဖြင့် ထွက်ခွာသွားခဲ့၏။ သူ၏ ခရီးစဉ်မှာ အောင်မြင်၍ သံလိုက်မြောက်ဝင်ရိုးစွန်း၏ တည်နေရာကို စုံစမ်းရှာဖွေ သတ်မှတ်နိုင်ခဲ့ပေသည်။ နယ်သစ်ရှာဖွေ သူများအနက် အားမန်ဆင်ကို သိပ္ပံစနစ်ဖြင့် ရှာဖွေသူ တစ်ဦး ဖြစ်သည်ဟု ယူဆကြသည်။ ထိုသို့ ယူဆကြသည်မှာ သူသည် ဂရုတစိုက်နှင့် စနစ်တကျ လုပ်ကိုင် လေ့ရှိခြင်းကြောင့် ဖြစ်သည်။ ၁၉၁ဝ ခုနှစ်တွင် ဖရမ်အမည်ရှိ သင်္ဘောဖြင့် မြောက်ဝင်ရိုးစွန်းသို့ တစ်ဖန်ထွက်ပြန်ရာမှမမြှော်လင့်ပဲ တောင်ဝင်ရိုးစွန်းသို့ ရောက်သွားခဲ့ရာ အင်္ဂလိပ်လူမျိုးကပ္ပတိန်စကော့ထက် အားမန်ဆင်က ရက်သတ္တပတ် အနည်းငယ်စော၍ ရောက်ခဲ့၏။ ၁၉၁၃ ခုနှစ်တွင် တောင်ဝင်ရိုးစွန်းမှ ပြန်ခဲ့ပြီးနောက် မြောက်ဝင်ရိုးစွန်းသို့ ဆက်လက်ခရီးထွက်ရန် ကြံစည်နေခိုက် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသဖြင့် မသွားရတော့ချေ။ စစ်ကြီး ပြီးသည့် အထိနားနေပြီးသော် တစ်ဖန်ခရီးပြန်ထွက်ရာ ဝင်ရိုးစွန်းဆီသို့စီးသော ရေစီးလမ်း မမှန်သည်ကို တွေ့ရသဖြင့် ၁၉၂၅ ခုနှစ်တွင် လေယာဉ်ပျံဖြင့် မြောက်ဝင်ရိုးစွန်းသို့ အရောက်သွားရန် ကြိုးစားခဲ့ပြန်သည်။ သို့သော် ထိုနှစ်တွင် မအောင်မြင်ခဲ့ချေ။ ၁၉၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အီတာလျံ လေကြောင်းဗိုလ်နိုဗိုင်းတို့နှင့် အတူ လေသင်္ဘော တစ်စင်းဖြင့် ထွက်ပြန်ရာ မြောက်ဝင်ရိုးဝန်းသို့ရောက်သဖြင့် နှစ်ပတ်ဝဲ၍ ကြည့်ခဲ့ပြီးနောက် မေလ ၁၄ ရက်နေ့တွင် ဗဲရင်းပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ဆင်းသက်ခဲ့ လေသည်။ ၁၉၂၈ ခုနှစ်တွင် ဂျင်နရယ် နိုဗိုင်း၏ လေယာဉ်ပျံမှာ မြောက်ဝင်ရိုးစွန်းမှ အပြန်လမ်းခရီးတွင် ပျက်ကျခဲ့၏။ အားမန်ဆင်သည် နိုဗိုင်းကို ရှာဖွေကယ်ဆယ်ရန် လေယာဉ် ပျံတစင်းနှင့် အလျင်အမြန် ထွက်ခွာသွားရာ သူလည်း ပြန်ရောက် မလာတော့ချေ။ ထိုနောက် လပေါင်းများစွာကြမှ ရေထဲ၌ မျောနေသော သူ၏လေယာဉ်ပျံအပျက်ကိုသာ တွေ့ကြ ရလေတော့သည်။[၃] ကိုးကား |
Portal di Ensiklopedia Dunia