ရုပ်ပိုင်းဆိုင်ရာ အလွှာ

ရုပ်ပိုင်းဆိုင်ရာ အလွှာ (Physical Layer)သည် ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်ခြင်း နှင့် ပတ်သက်သော OSI မော်ဒယ်လ် တွင် ပထမဆုံး နှင့် အနိမ့်ဆုံးအလွှာဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ အလွှာတွင် ကွန်ယက်၏ အခြေခံ ဟတ်ဒ်ဝဲလ်များ အချင်းချင်း ဆက်သွယ်ရေး နှင့် ဆိုင်သော နည်းပညာများ ပါဝင်သည်။ ၎င်းသည် ကွန်ယက်၏ အထက်ပိုင်း ဒေတာပို့ဆောင်ချက် များ၏ အောက်တွင် တည်ရှိနေသော အခြေခံ အကျဆုံး အလွှာဖြစ်သည်။ ဟတ်ဒ်ဝဲလ် နည်းပညာများ မြောက်မြားစွာ ရှိနေပြီး ၎င်းတို့၏ သွင်ပြင်လက္ခဏာများမှာ တစ်ခုနှင့် တစ်ခု မတူဘဲ ကွဲပြားခြားနားခြင်းကြောင့် OSI မော်ဒယ်လ်ထဲတွင် အရှုပ်ထွေးဆုံး အလွှာဟု ပြော၍ ရနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာ အလွှာသည် ဒေတာပက်ကက်များကို ပို့ဆောင်ရာတွင် ပက်ကက်အတွင်းရှိ ဘစ် တစ်ခုချင်းစီကို ကို ချိတ်ဆက်ထားသော ကြိုးများ သို့မဟုတ် ကြိုးမဲ့ ဆက်သွယ်ခြင်းများမှ မည်သို့မည်ပုံ ပို့လွှတ်မည် ဆိုသည်ကို ဆုံးဖြတ်သည်။

ကိုးကား

  1. X.225 : Information technology – Open Systems Interconnection – Connection-oriented Session protocol: Protocol specification။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 November 2021 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya