ရူးသွပ်မှု၏ အနန္တစကြဝဠာမျိုးစုံအတွင်းဝယ် ဒေါက်တာ စထရိန့်ချ်
ရူးသွပ်မှု၏ အနန္တစကြဝဠာမျိုးစုံ အတွင်းဝယ် ဒေါက်တာ စထရိန့်ချ် (အင်္ဂလိပ်: Doctor Strange in the Multiverse of Madness) ရုပ်ရှင်ကားသည် မာဗယ်ရုပ်ပြစာအုပ်ဇာတ်ကောင်တစ်ခုဖြစ်သော ဒေါက်တာ စထရိန့်ချ် ဇာတ်လမ်းအပေါ်အခြေခံ၍ ရိုက်ကူးထားသည့် အမေရိကန် မဟာလူစွမ်းကောင်း ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး မာဗယ် စတူဒီယိုမှ ထုတ်လုပ်၍ ဝေါ့ဒစ္စနေ ရုပ်ရှင်ဆိုင်ရာ စတူဒီယိုမှ ဖြန့်ချိခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ဒေါက်တာ စထရိန့်ချ် (၂၀၁၆) ရုပ်ရှင်ကား၏ နောက်ဆက်တွဲဖြစ်ပြီး မာဗယ် ရုပ်ရှင်ဇာတ်လမ်း ကမ္ဘာ (MCU) ၏ ၂၈ ခုမြောက် ရုပ်ရှင်ကားလည်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ဟောလိဝုဒ်ရှိ ဒိုလ်ဘီ ဇာတ်ရုံ၌ ပွဲဦးထွက် အထူးပွဲပြသခဲ့ပြီး မေလ ၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုတဝှမ်း တပြိုင်နက် ရုံတင်ပြသခဲ့သည်။ ဇာတ်လမ်း ဇာတ်အိမ်ဤရုပ်ရှင်ကားမတိုင်မီက ရုံတင်ခဲ့သည့် စိတ်ကူးယဉ်ဇာတ်လမ်း လောကတစ်ခုဖြစ်သည့် မာဗယ် ရုပ်ရှင်ဇာတ်လမ်း ကမ္ဘာ၏ တစိတ်တဒေသဖြစ်ကြသော “ပင့်ကူလူသား။ ။ အိမ်ပြန်လမ်းဝေး (Spider-Man: No Way Home) (၂၀၂၁) ရုပ်ရှင်ဇာတ်ကား” နှင့် ၎င်းရှေ့က ထုတ်လွှင့်ခဲ့သည့် “ဝမ်းဒါးဗွီးရှင်း (WonderVision)” ၂၀၂၁ ခုနှစ် ရုပ်/သံ ဇာတ်လမ်းတွဲတို့၏ နောက်ဆက်တွဲဖြစ်ရပ်များဖြင့် ဇာတ်အိမ်တည်ထားသည်။ ပါဝင်သည့် သရုပ်ဆောင်များ![]()
ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia