ရေညှောင့်ငှက်များ
ရေညှောင့်ငှက်များ (အင်္ဂလိပ်: Sandpiper) ဆိုသည်မှာ ပါဏဗေဒ အလိုတွင် Scolopacidae ဟု အမည်ရသော ငှက်မျိုးရင်း တစ်မျိုးဖြစ်သည်။ ရေညှောင်ငှက်မျိုးရင်းတွင် ရေညှောင့်ငှက်ဟု အမည်နာမပါသော ငှက်မျိုးစိတ်များစွာသာမက ကုလားကောက်ငှက် (Curlew) နှင့် စနိုက်ငှက် (Snipe) ကဲ့သို့သော အမည်နာမများပါသည့် ငှက်မျိုးစိတ်များလည်း ပါဝင်သည်။ ဤမျိုးစိတ်အများစုသည် ရွှံ့နွံနှင့် မြေဆီလွှာအတွင်းသို့ နှုတ်သီးချွန်လေးဖြင့် ထိုးကာ ကျောရိုးမဲ့သတ္တဝါများကို ရှာဖွေစားသောက်ကြသည်။ ရေညှောင့်ငှက် မျိုးစိတ်များသည့် နှုတ်သီးအရှည်ချင်း မတူညီကြသဖြင့် ရှာဖွေသော အစာ အမျိုးအစားလည်းမတူညီကြသောကြောင့် အစာရှာရာတွင် တိုက်ရိုက်ယှဉ်ပြိုင်ရခြင်းမရှိဘဲ စားကျက်နေရာတစ်ခုတည်း၌ အတူတကွကျက်စားလေ့ရှိကြသည်။ အထူးသဖြင့် ကမ်းခြေဒေသများတွင် ရေညှောင့်ငှက်မျိုးရင်းဝင် ငှက်မျိုးစိတ်များစွာသည် အတူတကွ ကျင်လည်ကျက်စားကြလေ့ရှိသည်ကိုတွေ့နိုင်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia