ရော်တာဒမ် Rotterdam (ဒတ်ချ် ) City and municipality
နေဝင်ရီတရောအချိန်၌တွေ့ရသော ရော်တာဒမ်မြို့
နာမည်ပြောင်(များ): Rotown, Roffa, Rotjeknor, Nultien, 010 ဆောင်ပုဒ်: Sterker door strijd (Stronger through effort) Location in South Holland Location in South Holland ကိုဩဒိနိတ်: 51°55′N 4°29′E / 51.92°N 4.48°E / 51.92; 4.48 ကိုဩဒိနိတ် : 51°55′N 4°29′E / 51.92°N 4.48°E / 51.92; 4.48 နိုင်ငံ နယ်သာလန် ပြည်နယ် တောင်ပိုင်းဟော်လန်ပြည်နယ်ခရိုင်များ အစိုးရ[ ၁] • အစိုးရအဖွဲ့ စည်ပင်သာယာရေးကောင်စီ • မြို့တော်ဝန် Ahmed Aboutaleb (PvdA ) • အဖွဲ့ဝင်များ
အမည်စာရင်း
Robert Simons (LR) Ronald Buijt (LR) Maarten Struijvenberg (LR) Vincent Karremans (VVD) Tim Versnel (VVD) Chantal Zeegers (D66) Said Kasmi (D66) Faouzi Achbar (DENK) Natasha Mohamed-Hoesein (DENK)
ဧရိယာ[ ၂] [ ၃] • စည်ပင်နယ်နိမိတ် ၃၂၄.၁၄ စတုရန်းကီလိုမီတာ (၁၂၅.၁၅ စတုရန်းမိုင်) • ကုန်းမြေ ၂၁၇.၅၅ စတုရန်းကီလိုမီတာ (၈၄�၀၀ စတုရန်းမိုင်) • ရေထု ၁၀၆.၅၉ စတုရန်းကီလိုမီတာ (၄၁.၁၅ စတုရန်းမိုင်) • Randstad ၃၀၄၃ စတုရန်းကီလိုမီတာ (၁၁၇၅ စတုရန်းမိုင်) လူဦးရေ (1 January 2023)[ ၃] [ ၅] [ ၆] • စည်ပင်နယ်နိမိတ် ၆၆၄,၃၁၁ • သိပ်သည်းမှု ၂,၉၉၅/km၂ (၇၇၆၀/sq mi) • မြို့ပေါ် ၁,၂၇၃,၃၈၅ • မြို့ပြကြီး ၂,၃၉၀,၁၀၁ [ မှတ်စု ၁] • Randstad ၈,၃၆၆,၀၇၈ Demonym(s) Rotterdammer အချိန်ဇုန် CET (UTC+1 ) • နွေရာသီ (DST ) CEST (UTC+2 )စာပို့သင်္ကေတ 3000–3099 တယ်လီဖုန်းဧရိယာကုတ်နံပါတ် 010 ဝက်ဘ်ဆိုဒ် rotterdam.nl (in ဒတ်ချ်) မျက်နှာပြင်အပြည့်ကြည့်ရှုရန် မြေပုံပေါ်တွင် ကလစ်နှိပ်ပါ။
ရော်တာဒမ်မြို့ (အင်္ဂလိပ် : Rotterdam , rot-ƏR -dam ,[ ၇] [ ၈] ဒက်ချ်: [ˌrɔtərˈdɑm] ( နားဆင် ) ; အနက်. "ရော့ မြစ်ထက်မှ ဆည်")သည် နယ်သာလန်နိုင်ငံ တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဥရောပ တွင် အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သည်။ ရော်တီ မြစ်ထက်မှ ဆည်တစ်ခုအဖြစ် စတင်ခဲ့သော ရော်တာဒမ်မြို့သည် ယခုအခါတွင် ဥရောပ၏ စီးပွားရေး အချက်အချာ ဌာန တစ်ခုအဖြစ် တည်ရှိသည်။ မြောက်ပင်လယ် မြစ်ဝကျွန်းပေါ်ဒေသ မဟာဗျူဟာ ကျသော ဒေသတွင် တည်ရှိသည့်အပြင် ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း၊ ကုန်တွင်းရေကြောင်းလမ်းများ အများအပြား ဆုံရာ ဒေသတွင် ရှိသဖြင့် ရော်တာဒမ်မြို့ကို ဥရောပ၏ တံခါးပေါက်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ရော်တာဒမ်ဟူသော အမည်မှာ ရော့မြစ်၏ ရေကာတာဟု အဓိပ္ပာယ်ရသည်။ ရော်တာဒမ်မြို့သည် မားစမြစ်ကမ်းနှစ်ဘက်ပေါ်တွင် တည်ရှိ၍ အမ်စတာဒမ်မြို့မှ အနောက်တောင်ဘက် ၄၄ မိုင်ခန့် ကွာဝေး သည်။ နယ်သာလန်နိုင်ငံတွင် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်၏။ ပင်လယ်မှ ၁၅ မိုင်ခန့် ကွာဝေးသော်လည်း မြစ်ရေ နက်၍ ဒီရေမြင့်သဖြင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်သည်။ ရော်တာဒမ်မြို့သည် မြောက်ပင်လယ်နှင့် ၁၇ မိုင်ခန့် ရှည်သော တူးမြောင်းဖြင့် ဆက်လျက်ရှိသည်။ ရော်တာဒမ်မြို့တွင် သင်္ဘောတည်ဆောက်သည့်လုပ်ငန်းမှာ အရေးအကြီးဆုံး စက်မှုလုပ်ငန်းဖြစ်သည်။ ဆေးလိပ်၊ သုတ်ဆေး၊ အရက်၊ သကြားနှင့် ဓာတုဗေဒပစ္စည်း ထုတ်လုပ်သော စက်ရုံ များလည်း ရှိသည်။
မြို့တွင်း၌ ဒပ်ချ်အမျိုးသားပန်းချီကျော်တို့၏ လက်ရာ များကို ပြသထားသည့် ပြတိုက်မှာ ထင်ရှားသည်။ တိရစ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒဥယာဉ်များလည်း ရှိသည်။ ၁၄ ရာစုနှစ် အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သော ဂေါ့သပုံစံ စိန်လောရင့် ဘုရားရှိခိုးကျောင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ ဗုံးကြဲတိုက်ခိုက်သည့် ဒဏ်ကို ခံခဲ့ရသည်။
၁၉၄ဝ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဂျာမန်လေတပ် သည် ရော်တာဒမ်မြို့လယ်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲဖျက်ဆီးခဲ့ကြ၏။ ထိုနေ့ညနေတွင် နယ်သာလန်တပ်များသည် ဂျာမန်တို့ ထံ လက်နက်ချ အညံ့ခံကြသည်။ ၁၉၄၅ ခုနှစ်တွင် ရော်တာဒမ် မြို့သည် ဂျာမန်တို့လက်အောက်မှ လွတ်မြောက်ခဲ့လေသည်။ လူဦးရေ ၇၃၁၅၆၄ ယောက်(၁၉၆၅)ရှိသည်။[ ၉]
ကိုးကား
အောက်ခြေမှတ်စု
↑ This number includes The Hague and its suburbs. Since 2014, Rotterdam, The Hague and 22 other municipalities agreed to optimize their performance as a single, large metropolitan region.[ ၄]
မှတ်စုများ