ရွာလွတ်ရွာ၊ ချောင်းဆုံမြို့နယ်

ရွာလွတ်
ရွာ
ရွာလွတ်ရွာ
Skyline of ရွာလွတ်
ရွာလွတ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွာလွတ်
ရွာလွတ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°26′10″N 97°30′59″E / 16.4362201690674°N 97.5162582397461°E / 16.4362201690674; 97.5162582397461ကိုဩဒိနိတ်: 16°26′10″N 97°30′59″E / 16.4362201690674°N 97.5162582397461°E / 16.4362201690674; 97.5162582397461
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
ခရိုင်မော်လမြိုင်ခရိုင်
မြို့နယ်ချောင်းဆုံမြို့နယ်
ကျေးရွာအုပ်စုရွာလွတ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွာလွတ်ရွာ(အင်္ဂလိပ်: Ywarlut)သည် မွန်ပြည်နယ်မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်ရွာလွတ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၁၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရွာလွတ်ကျေးရွာအုပ်စုတွင် ကျား ၂၃၈၄ ဦး၊ မ ၃၁၉၂ ဦး၊ လူဦးရေ စုစုပေါင်း ၅၅၇၆ ဦး နေထိုင်သည်။ [] နေထိုင်သူအများစုသည် မွန်လူမျိုးများဖြစ်သည်။ ဆေးတံ၊ တုတ်ကောက်၊ လက်ကိုင်ဒုတ်၊ ရေနွေးအိတ် စသည့် အိမ်တွင်းမှု၊ လက်မှုပညာများ ထွန်းကားသည်။ ရွာ၏မြောက်ဘက်တွင် အခြေခံပညာ အထက်တန်းကျောင်းနှင့် တိုက်နယ်ဆေးရုံ ရှိသည်။ ဘီလူးကျွန်း၏ အချက်အချာကျသောနေရာတွင် ရှိပြီး ကျွန်း၏ တောင် မြောက် ဆက်သွယ်ထားသော အဓိကလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဆေးတံလုပ်ငန်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး နိုင်ငံခြားသားခရီးသွားများ မကြာခဏ လာရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်သည်။


ကိုးကား

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya