ရွှေဟင်္သာဆရာတော်
ရွှေဟင်္သာဆရာတော်သည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုး၊ ရွှေဟင်္သာတိုက်သစ်မှ ဘဒ္ဒန္တပဏ္ဍိတသိရီ ဆရာတော်ဘုရားကြီး ဖြစ်ပေသည်။ ၁၉၉၃-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည်။ ငယ်ဘဝဆရာတော်သည် ၁၂၅၅-ခု၊ နတ်တော်လဆန်း (၇)ရက်၊ ကြာသပတေးနေ့၌ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ အလယ်ရပ်၊ ခမည်းတော် ဦးကျောက်စိမ်း၊ မယ်တော် ဒေါ်ရွှေသော့တို့မှ ဖွားမြင်လေသည်။ ၁၂၆၉-ခုတွင် လေးမျက်နှာမြို့၊ မိချောင်းရဲကျောင်း ဆရာတော်အရှင် အာစရထံ ရှင်သာမဏေပြုသည်။ ရဟန်းပြုခြင်း၁၂၇၅-ခု၊ ဝါဆိုလဆန်း (၁၄)ရက်တွင် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်၊ သီလဝိသောဓနီ သိမ်တော်၌ ရန်ကုန်မြို့၊ ဗဟန်းကျောင်းတော်ရာ၊ ရွှေကျင်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ ရွှေဟင်္သာတောရတိုက်၊ ပထမစံကျောင်း ဆရာတော်၊ ဒုတိယစံကျောင်း ဆရာတော်၊ စပယ်ရုံကျောင်း ဆရာတော် အရှင်ယုဂန္ဓရ စသော စာချ ဆရာတော်ကြီးများထံတွင် စာပေသင်ယူခဲ့သည်။ ကျန်းမာရေး ချို့တဲ့မှုကြောင့် ပထမလတ်တန်းမျှသာ အောင်မြင်ခဲ့သည်။ စာပေပို့ချခြင်းသိက္ခာ(၅)ဝါ ခန့်မှစ၍ သက်တော် (၈၅)နှစ်တိုင်အောင် ညောင်တုန်းရွှေဟင်္သာတောရတိုက်နှင့် စစ်ကိုင်းရွှေဟင်္သာတိုက်သစ်တို့၌ ပရိယတ္တိစာပေများ ပို့ချခဲ့သည်။ သာသနာရေးတာဝန် ဆောင်ရွက်ချက်များ၁၃၀၄-ခု၊ စစ်ကိုင်းတောင်ရိုး၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ ကျင်းပသည့် ရွှေကျင်သံဃာ့ အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်အရ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ဝန်ဆောင်ဆရာတော်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ၁၃၃၇-ခု၊ တန်ဆောင်မုန်းလ၌ ပဲခူး ကြခတ်ဝိုင်း ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီးမှ ရွှေကျင်ဂိုဏ်း တွဲဖက် သာသနာပိုင် အဖြစ် ခန့်အပ်သည်။ ၁၃၅၁-ခု၊ နတ်တော်လဆန်း (၁၃)ရက်နေ့တွင် ရွှေကျင်ဂိုဏ်းကြီး၏ ဒွါဒသမမြောက် သာသနာပိုင်ဆရာတော်ကြီး တာဝန်ကို ယူခဲ့သည်။ ရေးသားပြုစုသော ကျမ်းဂန်များ
ရဟန်းရှင်လူတို့၏ ကြည်ညိုလေးစားမှုသည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ အများအကျိုး လိုလားသော စိတ်နှလုံးရှိခြင်း၊ ဂါရဝ၊ နိဝါတတရားနှင့် ပြည့်စုံခြင်း၊ သက်တော်ရှည်ခြင်း၊ နာယကဂုဏ် ခြောက်ပါးနှင့် ပြည့်စုံခြင်း၊ သီလသမာဓိ ပညာဂုဏ် ကြီးမြတ်တော်မူခြင်း၊ သာသနာ၏ အကျိုးစီးပွားအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယဓာတ် ကြီးမားခြင်း၊ သိက္ခာ ကာမဝိနယ ဂရုက သံသာရ ဘီရုက စသော ဂုဏ်တို့နှင့် ပြည့်စုံခြင်းကြောင့် ရဟန်းရှင်လူ အများပြည်သူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော် မူပါသည်။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia