ရှင်ပဏ္ဍဝ (ငှက်တွင်းဆရာတော်)ငှက်တွင်းဆရာတော် ရှင်ပဏ္ဍဝသည် မင်းတုန်းမင်းလက်ထက်၌ မဟာသတိပဌာန်သုတ်တော်လာ (၃၂)ကောဠာသကမ္မဌာန်းကို ကြိုးပမ်းအားထုတ်ပြီးဟောကြားပြသခဲ့သည်။ စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်းကို တည်ထောင်ခဲ့သည့် ရဟန်းတစ်ပါးဖြစ်သည်။ ထို့ပြင် မြဝတီမင်းကြီး ဦးစ၏ မြေးတော်စပ်သည်။ မောင်မြသီးကို ၁၆-ရက်၊ ဇွန်လ၊ ၁၈၃၁-ခုနှစ်တွင် အဖ မြဝတီ ဦးမောင်ကလေးနှင့် အမိ ဒေါ်ခင်ငြိမ်းတို့မှ ဖွားမြင်သည်။ သားသမီး သုံးဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ငယ်စဉ်က ဆရာတော် ရှင်ကောဏ္ဍညထံ ပညာဆည်းပူးခဲ့ပြီး အသက် (၁၃)နှစ်အရွယ်၌ ရှင်သာမဏေ ဝတ်ခဲ့သည်။ ဘွဲ့မှာ ရှင်ပဏ္ဍဝဖြစ်သည်။ ၂၉-ရက်၊ ဇွန်လ၊ ၁၈၅၂-ခုနှစ်တွင် ရှင်ပဏ္ဍဝ ရဟန်းဘောင်တက်သည်။ ထို့နောက် သင်္ဂဇာဆရာတော်ထံ၌ ပညာဆည်းပူးပြန်သည်။ ရဟန်း ၁၅-ဝါအရတွင် မင်းတုန်းမင်းထံ ကြွရောက်ကာ တရားဟောခဲ့ရသည်။ နောက် တစ်နှစ်တွင် မင်းဝံတောင်သို့ ကြွရောက်ကာ (၁၅)နှစ် သီတင်းသုံးခဲ့၏။ ထို့နောက် သီပေါမင်း ပါတော်မူချိန်တွင် ကွမ်းခြံကုန်းသို့ ကြွရောက်လာကာ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်လျက် သာသနာတော်ပြန့်ပွားအောင် ဆောင်ရွက်ရင်း ၁၃-ရက်၊ အောက်တိုဘာလ၊ ၁၉၁၁-ခုနှစ်တွင် ပျံလွန်တော်မူသည်။ ပြုစုခဲ့သော ကျမ်းများငှက်တွင်းဆရာတော် ရှင်ပဏ္ဍဝသည် ရဟန်း(၅)ဝါအရ၌ ကျမ်းတစ်ကျမ်း စတင်ပြုစုကာ ကျမ်းပြုဆရာတော် ဖြစ်လာခဲ့၏။ ဆရာတော်၏ စာပေလက်ရာ ကျမ်းအချို့မှာ -
ငှက်တွင်းဆရာတော်၏ စာများထဲတွင်
စသည့် ဆန်းသစ်သော အယူအဆများစွာကို တွေ့ရှိရလေသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia