ရှင်ဟွာ သတင်းဌာန

ရှင်ဟွာ သတင်းဌာန (တရုတ် - 新華通訊社; 新华通讯社) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရပိုင် သတင်းဌာနဖြစ်ပြီး တရုတ်နိုင်ငံတွင် ဝန်ထမ်း ၁ သောင်းကျော်ရှိသည့် အကြီးဆုံး သတင်းဌာနလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး အထူးဒေသများနှင့် ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သည့် မြို့ကြီးများ အားလုံးနီးပါးတွင် ဌာနခွဲများရှိသကဲ့သို့ အခြားနိုင်ငံများတွင် ဌာနခွဲ ၁၀၀ ကျော်ရှိသည်။ ရှင်ဟွာ သတင်းဌာနမှ သတင်းများကို အဓိကအားဖြင့် တရုတ်ဘာသာဖြင့် ထုတ်ပြန်သည့်အပြင် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ရုရှ၊ အာရပ်၊ ပေါ်တူကီစသည့် နိုင်ငံခြားဘာသာများဖြင့်လည်း ထုတ်ပြန်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya