ရှမ်းနီအမျိုးသားများတပ်မတော်
ရှမ်းနီအမျိုးသားများတပ်မတော် (အင်္ဂလိပ်: Shanni Nationalities Army; အတိုကောက် SNA) သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် လှုပ်ရှားနေသော ရှမ်းနီလက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်သည်။ SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည်။[ကိုးကားချက်လိုသည်] ရှမ်းနီအမျိုးသားတပ်မတော်(SNA)သည် ရှမ်းနီပြည်နယ်ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖော်ထွန်းရေး၊ ရှမ်းမျိုးနွယ်စုများ အားလုံး စည်းလုံး ညီညွတ်မှု ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် မူ (၅) ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ SNA သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းဆာ(ခေါ် )မိုင်းသာရှမ်း၊ တိုင်းလုံ(ခေါ် )ရှမ်းကြီး၊ တိုင်းနေ(ခေါ် )အထက်ရှမ်း၊ တိုင်းမောဝ်(ခေါ် )မောဝ်ရှမ်း၊ တိုင်းကဒူး(ခေါ် )ရှမ်းကဒူး၊ တိုင်းကနန်း(ခေါ် )ရှမ်းကနန်း၊ တိုင်းခွမ်(ခေါ်)မိုင်းခွမ်းရှမ်း၊ တိုင်းခမ်းတီး(ခေါ် )ခမ်းတီးရှမ်း၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းချောင်း- တိုင်းလျဲန် ခေါ် ရှမ်းနီ စသည့် ရှမ်းမျိုးနွယ်စုများကို ကိုယ်စားပြု ဖွဲ့စည်းထားခြင်းဖြစ်သည်။[၃][၄]
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia