ရှီးချန်ခရိုင်
ရှီးချန်ခရိုင်သည် ဘေဂျင်းမြို့ရှိခရိုင်တစ်ခုဖြစ်သည်။ အဆိုပါခရိုင်သည် ၃၂ စတုရန်း ကီလိုမီတာ (၁၂ စတုရန်းမိုင်) (ဒုတိယမြောက်လမ်းမကြီးအတွင်း ၏အကြီးဆုံးသောနေရာတွင်တည်ရှိပြီး ၂၀၀၀ပြည့်နှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၇၀၆,၆၉၁ဦး ရှိသည်။ ၎င်းခရိုင်အတွင်းရှိ ရှီးဒန် စာတိုက်၏ ကုဒ်မှာ 100032 ဖြစ်သည်။ ရှီးချန်ခရိုင်သည် ပေကျင်းမြို့၏မြို့တော်ခွဲ ၁၅ ခုခွဲခြားထားရာ၌ ပါဝင်ပြီး ယခင် ရွှမ့်ဝူခရိုင်ကို ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် ရှီးချန်ခရိုင်အတွင်းသို့ပေါင်းစည်းခဲ့သည်။ အစိုးရရှီးချန်ခရိုင်တွင် တရုတ်နိုင်ငံ၏ပညာရေးဝန်ကြီးဌာန သည် ဌာနချုပ်ရုံးစိုက်သည်။ ခရိုင်၏အရေးပါသည့်အခန်းကဏ္ဍရှီးချန်ခရိုင်သည် ပေကျင်းအနောက်အလယ်ပိုင်းတွင်တည်ရှိသည်။ ထိုခရိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အဓိကဧရိယာဖြစ်ပြီး တကပ ဗဟိုကော်မတီအတွင်းရေးမှူးရုံး၊ တကပ ဗဟိုကော်မတီအထွေထွေရုံး၊ စည်းကမ်းထိန်းသိမ်းရေးစစ်ဆေးမှုဆိုင်ရာ တကပဗဟိုကော်မတီရုံး၊ တကပ ဗဟိုကော်မတီ၏ ဝါဒဖြန့်ချိရေးဗဟိုကော်မတီ၏ဌာနတို့ တည်ရှိပါသေးသည်။ ထို့အပြင် စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ အမျိုးသားမြို့ပြရေးရာကော်မရှင်နှင့်အခြားဗဟိုအစိုးရအေဂျင်စီများလည်းတည်ရှိပါသေးသည်။ Baih ဘုရားကျောင်း၊ Yuetan၊ ကွမ်ဂျီဘုရားကျောင်း၊ ဖူယွမ်ဘုရားကျောင်း၊ ရှီးသန်၊ လျူလီချန်၊ Shichahai၊ ပိုင်ယွမ်ဘုရားကျောင်း၊ ဘဏ္ဍာရေးလမ်း၊ Dashilan စသည်တို့မှာပြည်သူ့ခန်းမကြီး၊ Zhongnanhai၊တို့ လည်း တည်ရှိကြသည်။ |
Portal di Ensiklopedia Dunia