ရှေးဟောင်းဂရိ
![]() ရှေးဟောင်း ဂရိဘာသာစကား (အင်္ဂလိပ်: Ancient Greek) တွင် ဘီစီ ၉ ရာစုမှ အေဒီ ၆ရာစုအထိ ရှေးခေတ်ဂရိနှင့် ရှေးဟောင်းကမ္ဘာတွင် အသုံးပြုသော ဂရိဘာသာစကား ပုံစံများဖြစ်သည်။ ထိုခေတ်ကို အကြမ်းအားဖြင့် ခေတ်သုံးခေတ်ဖြင့် ပိုင်းခြားထားရာ :
ဤခေတ်မတိုင်ခင်က မိုက်ဆီးနီယန် ဂရိခေတ် (Mycenaean Greek) တည်ရှိခဲ့၍ ဤခေတ်နောက်တွင် ဂရိ အလယ်ခေတ် (Medieval Greek) ဆက်လက်တည်ရှိခဲ့သည်။ ကွိုင်းနီးဘာသာစကား၏ အစောဆုံးပုံစံများသည် အဲတစ်ဂရိ ဘာသာစကားနှင့် နီးကပ်စွာ ဆင်တူသော်လည်း နောက်အကျဆုံးပုံစံသည်ကား အလယ်ခေတ် ဂရိဘာသာစကားဆီသို့ ဦးတည်ချဉ်ကပ်သွားသော်လည်း ကွိုင်းနီးကို သမိုင်း၌ သီးသန့်အဆင့်တစ်ခုအနေဖြင့် သတ်မှတ်ကြသည်။ ရှေးဟောင်းခေတ်ဂရိ၏ ဒေသယိဘာသာစကားအချို့ ရှိခဲ့ပြီး အဲတစ်ဘာသာစကားသည် ကွိုင်းနီးဘာသာစကားအဖြစ်သို့ ဖြစ်ထွန်းတိုးတက်သွားခဲ့သည်။ ရှေးဟောင်ခေတ် ဂရိဘာသာစကားသည် ဟိုးမားဘာသာစကားဖြစ်သည့်အပြင် ဘီစီငါးရာစုခန့်က သမိုင်းဆရာ၊ ပြဇာတ်ဆရာ၊ ဒဿနဆရာများ၏ ဘာသာစကားလည်း ဖြစ်ပေသည်။ အင်္ဂလိပ်ဝေါဟာရထဲသို့ များစွာသော စကားလုံးများကို အကျိုးပြုခဲ့သည့် ဘာသာစကားတစ်ခုလည်းဖြစ်သည်။ ထို့ပြင် ရီနေဆွန်းခေတ် (ခေတ်ဆန်းချိန်) မှစ၍ အနောက်ကမ္ဘာ၏ ပညာရေးဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများတွင် လေ့လာကြသော ဘာသာရပ်တစ်ခုလည်း ဖြစ်၏ ။ [၂][၃] ကိုးကား
|
Portal di Ensiklopedia Dunia