လမ်းစဉ်လူငယ်လမ်းစဉ်လူငယ်အဖွဲ့သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လူငယ်အဖွဲ့ဖြစ်ပါသည်။ လမ်းစဉ်လူငယ်အဖွဲ့တွင် တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ဟူသော အသက်အရွယ်အလိုက်ဖွဲ့စည်းသည့်အဖွဲ့ခွဲသုံးဖွဲ့ပါဝင်သည်။[၁]
စတင်တည်ထောင်ခြင်းပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီအစိုးရသည် ပြည်ထောင်စုမြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ကိုဖျက်သိမ်းလိုက်ကြောင်း ၁၉၆၄ခုနှစ် မတ်လ ၁ရက်နေ့တွင် ကင်းထောက်ချုပ် ဦးရဲထွန်း က သတင်းပို့ခဲ့သည်။ တော်လှန်ရေးအစိုးရသည် ကင်းထောက်အဖွဲ့ချုပ်ကို ပြည်သူပိုင်သိမ်းလိုက်ကာ ၎င်းအဖွဲ့ချုပ်၏ပိုင်ဆိုင်မှုများကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်ပြီး လမ်းစဉ်လူငယ်အဖွဲ့ ကို ဖွဲ့စည်းတည်ထောင်စေခဲ့သည်။ ဖွဲ့စည်းပုံလမ်းစဉ်လူငယ်အဖွဲ့ဘောင်အတွင်း၌ပင် အသက်အရွယ်နှင့်အသိအမြင်ကွာခြားမှုပေါ်မူတည်၍ အဖွဲ့ခွဲ၃ဖွဲ့ခွဲကာ ဖွဲ့စည်းခဲ့သည်။[၁]
၁၉၈၁နှစ်၌ အသက်၁၈နှစ်ပြည့်သည့် လမ်းစဉ်လူငယ်များ၏ ၆.၁၉%သာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ဝင်ရောက်ခဲ့သဖြင့် ထိုစဉ်က ပါတီအတွက်တုန်လှုပ်ဖွယ်အခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။[၂] ထို့ကြောင့် တက္ကသိုလ်၊ကောလိပ်များ၏ ကျောင်းဝန်းများထဲတွင် လမ်းစဉ်လူငယ်အဖွဲ့စည်းရုံးရေးကော်မီတီများ တည်ထောင်ခဲ့သည်။[၂] ကိုးကား |
Portal di Ensiklopedia Dunia