လယ်တွင်းကိုးခရိုင်အထက်မြန်မာနိုင်ငံ၊ ကျောက်ဆည်နယ်ကို လယ်တွင်းကိုးခရိုင်ဟုခေါ်သည်။ ရေလွှဲကိုးခရိုင်ဟုလည်းခေါ်၏။ ရှေးခေတ် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှား၍ ဆန်ရေစပါး ပေါများကြွယ်ဝသော ထိုလယ်တွင်းရိုးခရိုင်ကား ပန်းလောင်မြစ်၏မှီခိုရာ -
သက္ကရာဇ် ၃၇၉ ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် မြန်မာပြည်အလုံး၌ ဆည်မြောင်း ကန် ချောင်းဖြစ်ကောင်းသောအရာတို့ကို ဆည် မြောင်း ကန် ချောင်း ဖြစ်စေ၏။ တောင်ဘက်လယ်တွင်းသို့ ရောက်တော်မူသောအခါ သာလျောင်းတောင်သို့ တက်၍ ကြည့်တော်မူသော် ကယွတ်တောင်ထက်ကကျသော ရေကို အတန့် တန့် ဆည်၍ လယ်လုပ်ရသော် သာသနာ ၅ဝဝဝ ပတ်လုံး ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ စီးပွားများလတ္တံ့သည်ကို မြင်တော်မူ၏။ ထို့ကြောင့် ပန်းလောင်မြစ်မှာ−
ဇော်ဂျီ(မက္ခရာ) မြစ်မှာ−
ထို့ပြင် အနော်ရထာမင်းစောသည် လယ်တွင်း ၁၁ ရွ ာပြုစုတော်မူခဲ့၏။ ထို ၁၁ ရွာကား ပင်လယ်၊ မြစ်မနား(မည်မနာ)၊ မြစ်သား (မစ်သာ)၊ မြင်းခုံတိုင်၊ ယမုံး(ရငုန်)၊ ဖနံ (ပနန်)၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုး၊ ခံလူး(ခံမှု(ဝါ)ခမ်လှူ)တို့ဖြစ် ၏။ ယင်းတို့ကို မြစ်သား ၁၁ ရွာ (ဝါ) မြစ်သား ၁၁ ခရိုင်ဟုလည်းခေါ်သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေးရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာပေသည်။ ရေလွှဲဆည်မြောင်းတို့ကို မင်းအဆက်ဆက် သုံးလူများကို နေရာချထား၍ ကြည့်ရှုပြုစုစေသည်။ မြန်မာနိုင်ငံသမိုင်းတွင် လယ်တွင်းခရိုင်များကို စိုးအုပ်ရသူများသည် အလုံးအရင်း အားအင်ပြည့်ဝမှုများရရှိသဖြင့် မြန်မာမင်းအဆက်ဆက်တို့ ပြုစုစောင့်ရှောက်ခဲ့ကြောင်း တွေ့ရသည်။ အထက်မြန်မာနိုင်ငံ မြို့တော်များသည် လယ်တွင်းနယ်များ အနီးဝန်းကျင်၌သာ ရှိကြလေသည်။ သက္ကရာဇ် ၁၁၄၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် တနင်္လာနေ့ နံနက် တစ်ချက်တီးကျော်အချိန် ဘိုးတော်ဘုရားသည် မြန်မာနိုင်ငံအလုံးကို အိမ်ခြေစာရင်းပြုလုပ်၍ ရွှေတိုက်သို့သွင်းထားစေသည်။ ထိုအခါ ပန်းလောင်မြစ်ရေသောက်ဖြစ်သော အနော်ရထာမင်း ဆည်ဖို့ဖောက် လုပ်ထားခဲ့သော ငနိုင့်သေဉ်ဆည် ငနိုင့်သေဉ်မြောင်း ရေသောက်ခရိုင်ကို စောလှခရိုင်၊ ပြောင်းပြာဆည် ပြောင်းပြာ မြောင်း ရေသာက်ခရိုင်ကို မြစ်သားခရိုင် အစရှိသည်ဖြင့် ပန်းလောင်မြစ်ရေသောက် မြစ်သားမြို့နယ်တွင် လေးခရိုင်၊ ဇော်ဂျီမြစ်ရေသောက် ကျောက်ဆည်မြို့နယ်တွင် ငါးခရိုင်၊ ပေါင်းကိုးခရိုင်အဖွဲ့မူ၍ ကိုးခရိုင်ဟု ခေါ်တွင်စေခဲ့လေသည်။ [၁] လယ်တွင်း ကိုးခရိုင်ဈေးလယ်တွင်း၉ ခရိုင်ဈေးများမှာ -
ကိုးကား
|
Portal di Ensiklopedia Dunia