လာဟိုးရှိ ရှာလမာ ဥယျာဉ်များ
ရှာလမာ ဥယျာဉ်များ သည် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၏ မြို့တော် လာဟိုးမြို့ တွင် တည်ရှိသော မဂိုဥယျာဉ်များ ဖြစ်သည်။ ထိုဥယျာဉ်များသည် မဂိုအင်ပိုင်ယာ၏ အနုပညာဆိုင်ရာ နှင့် အလှအပဆိုင်ရာ အထွဋ်အထိပ် ဖြစ်သော အချိန်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး [၁] ယခု အခါတွင် ပါကစ္စတန်နိုင်ငံ၏ ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာ တစ်ခု အဖြစ်တည်ရှိသည်။ ရှာလမာဥယျာဉ်များသည် ပါရှား သုခဘုံ ဥယျာဉ် ပုံစံ တည်ဆောက်ထားကြပြီး လူတို့အနေနှင့် သဘာဝရှိ အရာအားလုံး နှင့် ဟန်ချက်ညီစွာ တည်ရှိနေသော ကမ္ဘာမြေရှိ ပြီးပြည့်စုံသော နေရာ အဖြစ် ချယ်မှုန်းတည်ဆောက်ပြထားသည်။ ထိုဥယျာဉ်များကို ၁၆၄၁ ခုနှစ် ဧကရာဇ် ရှားဂျာဟန် အုပ်စိုးစဉ်က စတင်ခဲ့ပြီး [၂] ၁၆၄၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။[၃] ၁၉၈၁ ခုနှစ်တွင် ရှာလမာဥယျာဉ်များသည် ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် မှတ်တမ်းတင်ခြင်းခံရပြီး မဂိုတို့ တိုးတက်မှု ထိပ်ဆုံးရောက်နေစဉ် တည်ဆောက်ပြသထားသော ဥယျာဉ်ပုံစံ အဖြစ် မှတ်တမ်းတင်ထားသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia