လိင်ဖြင့်မျိုးပွားခြင်း

လိင်ဖြင့် မျိုးပွားခြင်း သည် မိဘ နှစ်ပါး တို့၏ ဂျီးများ (genes) ကို ပေါင်းစပ်၍ ကွဲပြားသော မျိုးဆက်သစ်များ ဖြစ်ပေါ်သော နည်းဖြစ်သည်။ ဂျီး မျိုးဆက်များ ပျံနှံ့ခြင်းကို ခရိုမိုဇုန်း (chromosome) ရှိ dixoyribonucleic acid (ဒီအန်အေ) များ ပေါင်းစပ်ခြင်းဖြင့် ဆောင်ညှင်းပြီး မျိုးဆက်သစ်တွင် ခရိုမိုဇုန်း နှစ်မျိုး သယ်ဆောင် ပါဝင်သည်။ ခရိုမိုဇုန်း နှစ်ခု ပါဝင်သော အခြေကို diploid ဟုခေါ်ပြီး[] ခရိုမိုဇုန်း တစ်ခုသာ ပါဝင်သော အခြေကို haploid ဟုခေါ်သည်။ diploid သက်ရှိရုပ်စု သည်လည်း မိရိုးစစ် (meiosis) နည်းဖြင့် ခရိုမိုဇုန်း တစ်ခုကို ကျပန်းခွထုတ်ခြင်းဖြင့် haploid ဆဲလ် (ဂမိတ်) အဖြစ် ပြောင်းနိုင်သည်။ မိရိုးစစ် နည်းစဉ်တွင် တူညီသော ခရိုမိုဇုန်း များအားရော၍ အသစ်ဖြစ်ပေါ်ပြီး ခရိုမိုဇုန်း ပေါင်းစပ်ခြင်း (chromosome crossover) အဆင့် တစ်ခုလည်းပါသည်။ ခရိုမိုဇုန်း ပေါင်းစပ်ခြင်း နှင့် သန္ဓေအောင်ခြင်း (fertilization) သည် မျိုးဆက်သစ်တွင် မိဘ နှင့် ခြားနားသော ဂျီး မျိုး ကို ရှိစေသည်။

သတ္တဝါ

ပျားနှစ်ကောင် မိတ်လိုက်နေပုံ

လိင်ဖြင့် မျိုးပွားသော သတ္တဝါ တို့တွင် ၎င်းတို့၏ ဘဝကို haploid အခြေဖြင့်သာ ဖြတ်သန်းပြီး haploid အခြေတွင် ဆဲလ်တစ်ခုသာ ရှိသည်။ သတ္တဝါတို့၏ ဂမိတ် တွင် အထီး နှင့် အမ — သုတ်ကောင် နှင့် မျိုးဥ ဟူ၍ရှိသည်။ ၎င်းဂမိတ် တို့ မိတ်လိုက်ခြင်း ဖြင့် သန္ဓေလောင်း ဖြစ်ပေါ်ပြီး မျိုးဆက်သစ် ရစေသည်။

ဂွေးဥမှ ထုတ်သော အဖိုဂမိတ် သုတ်ကောင် သည် သေးငယ်သော ဆဲလ်ဖြစ်ပြီး flagellum ခေါ် အမြီးပါပြီး ယက်၍ သွားနိုင်သည်။ သုတ်ကောင် သည် အလွန် ချုံ့ထားသော ဆဲလ်ဖြစ်ပြီး သန္ဓေလောင်း ဖြစ်ပေါ်ရန် လိုအပ်သော ဆဲလ်နှင့်ဆိုင်ရာ ပစ္စည်းများ မပါချေ။ သုတ်ကောင်သည် လှုပ်ရှားရန်၊ အမ မျိုးဥ ရှာရန် နှင့် မျိုးဥ တွင်းဝင်ရောက်ရန်သာ အားကြသည်။

သားအိမ်မှ ထုတ်သော အမဂမိတ် မျိုးဥ သည် မသွားနိုင်သော အကြီးစား ဆဲလ်ဖြစ်ပြီး အာဟာရ နှင့် သန္ဓေလောင်း ဖြစ်ပေါ်ရန် လိုအပ်သော ဆဲလ်နှင့်ဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။ မျိုးဥဆဲလ်များသည် သန္ဓေလောင်း ဖြစ်ပေါ်ရန် အထောက်အပံ့ပြု အခြားဆဲလ်များပါ ဝိုင်းရံ တတ်ပြီး အဖြစ် တည်ရှိသည်။ နို့တိုက် သတ္တဝါ များတွင် သန္ဓေလောင်းများ အမ၏ သားအိမ်တွင်းမှာပင် ကြီးထွားပြီး မိခင်ထံမှ အာဟာရ ကို တိုက်ရိုက် ရယူသည်။

ကိုးကား

  1. John Maynard Smith & Eörz Szathmáry, The Major Transitions in Evolution, W. H. Freeman and Company, 1995, p 149
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya