လိမ္မော်သီး
![]() လိမ္မော်သည် ရှောက်မျိုးနွယ်ဝင်ဖြစ်သည်။ လိမ္မော်သီးသည် ချိုသော ရှောက်နွယ်ဝင်မျိုးရင်းမှ သီးသော အသီး ဖြစ်သည်။ လိမ္မော်သီးကို Clementine, Mandarin, Tangerine နှင့် Satsuma အမျိုးများစွာရှိသည်။ ၎င်းတို့၏ မျိုးရင်းအမည်မှာ Rutaceae ဖြစ်သည်။ အသားမှာအရည်ရွှမ်းပြီး မှည့်သောအခါနီမြန်းသည့် အဝါရောင်ဖြစ်လာ သည်။ Mandarin အမျိုးသည် အလုံးသေးငယ်ပြီး အခွံပါးသောအမျိုးဖြစ်သည်။ လိမ္မော်သီးကို ၁၂ ဒီဂရီ စင်တီ ဂရိတ်၊ ၅၇ ဒီဂရီဖာရင်ဟိုက်တွင်သိုလှောင်ထား နိုင်ပြီး ရေခဲသေတ္တာတွင်ထည့်၍စားသုံးကပိုမိုကောင်းမွန်ပါသည်။ အရည်ညှစ်ထုတ်၍ သောက်သုံးက လည်း ကောင်းမွန်ပါသည်။ လိမ္မော်ပင်သည် အမြဲစိမ်းသော အပင်မျိုးဖြစ်သည်။ အပင်များသည် အများ အားဖြင့် ၈ မီတာမှ ၁၅ မီတာမြင့်ပါသည်။ Mandarin အပင်မျိုးသည် ၇.၅ မီတာမြင့်သည်။ Kumquat အပင်မျိုးသည် အပင်ပုမျိုးဖြစ်၍ ၄ မီတာမြင့်သည်။ သမိုင်းအကျဉ်းလိမ္မော်သီးကို လွန်ခဲ့သောနှစ်ပေါင်းထောင်ချီစဉ်ကစ၍ ယနေ့ထိစိုက်ပျိုးစားသုံးပါသည်။ တောင်တရုတ် နှင့် အင်ဒိုချိုင်းနားတို့မှာ မူလစိုက်ပျိုးသည့်ဒေသများဖြစ်သည်။ ၂၀ ရာစုနှစ်အစပိုင်းတွင် The Cleravman Pierre Clement သုတေသနအဖွဲ့မှ Mandarin နှင့် ရိုးရိုးလိမ္မော်ကို မျိုးစပ်သောအခါ အောင်မြင်ပြီးဖြစ်ပေါ်လာသော အသီးမျိုးသစ်မှာ အစေ့မပါဘဲ အခွံအလွယ်တကူခွာနိုင်သည့် မျိုးသစ်ဖြစ်သည်။ The Satsuma လိမ္မော်မျိုးသည် ဂျပန်နိုင်ငံမှ မျိုးစပ် အောင်မြင်သောအသီးမျိုးဖြစ်သည်။ လိမ္မော်သီးကို အခွံခွာ၍ စားသုံးနိုင်သလို အတွင်းမှ လိမ္မော်သီးအစိတ်များကို အရည်ညှစ်ပြီး ဖျော်ရည် လုပ်၍လည်းစားသုံးနိုင်သည်။ Mandarins အမျိုးလိမ္မော်သည် အခြားလိမ္မော်တို့ထက်ချိုသော အရသာ ရှိသည်။ ၎င်းကို မူလအတိုင်း အသီး ကိုစားသုံးသကဲ့သို့ အရည်ညှစ်ပြီးဖျော်သောက်နိုင်သည်။ ဖျော်ရည်မှာ စပျစ်ဖျော်ရည်ထက် ပို၍ချိုပါသည်။ Kumquats သည် အခွံပါစားနိုင်သော မျိုးဖြစ်သည်။ လိမ္မော်သီး၏မျိုးရင်းများ
လိမ္မော်၏အခြားထူးခြားသောအရည်အသွေးများလိမ္မော်အရည်ထဲတွင် ပါဝင်သော ကယ်လ်စီယမ်ဓာတ်သည် နို့တွင်ပါဝင်သော ကယ်လ်စီယမ်ဓာတ်ထက်ပို၍ ခန္ဓာကိုယ်မှစုတ်ယူရလွယ်ကူသည်။ ၈ အောင်စအလေးချိန်ရှိသော နို့တစ်ဖန်ခွက်တွင် ထုံးဓာတ် ၂၉၁ မီလီဂရမ်ပါပြီး ခန္ဓာကိုယ်မှ ၉၃ မီလီဂရမ် (၃၁%)သာစုတ်ယူနိုင်ပြီး လိမ္မော်ဖျော်ရည် ၈ အောင်စ ဖန်ခွက်တွင် ကယ်လ်စီယမ်ဓာတ်၃၅ဝမီလီဂရမ်ပါပြီး ခန္ဓာကိုယ်မှ ၁၃၀ မီလီဂရမ် (၃၇%)ကို ခန္ဓာကိုယ်မှ စုတ်ယူနိုင်သည့် အတွက် လိမ္မော်ရည်သည် ကျန်းမာရေးအတွက် ပို၍အထောက်အကူပြုသည်။ လိမ္မော်သီးတစ်လုံးတွင် ဗီတာမင် စီ ၅၀ မီလီဂရမ်ခန့်ပါဝင်သည်။ လိမ္မော်သီး၌ အက်ဆစ် ပါဝင်သဖြင့် အဆိပ် အတောက်လျော့စေသော အသီးဖြစ်သည်။ လိမ္မော်ခါးမျိုးလည်းရှိ၍ ယင်းအသီးကို အစိမ်းအတိုင်း စားသုံးရန်မသင့်သောကြောင့် နိုင်ငံခြားသားများနံနက်စာစားသုံးရန်တွင် ပါဝင်လေ့ရှိသည့် လိမ္မော်ယို ပြုလုပ်၍လည်း စားသုံးကြသည်။ ရှောက်နွယ်ဝင်ဖြစ်သော အသီးများကို ရင့်မှည့်သည့်အခါ အရောင်အဆင်းကောင်းအောင် လူတို့တီထွင်သော နည်းများဖြင့်ပြုလုပ်၍ မရပါ။ လိမ္မော်အရောင်သည် အေးသောရာသီဥတုအပေါ်တွင် မှီပြီးလျှင် အရောင်စိုပြေမှုကိုဖြစ်ပေါ်စေသည်။ အပူပိုင်းဒေသများတွင် လိမ္မော်ရောင်သည် အစိမ်းမှအဝါရောင်ပြောင်းသွားတတ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia