လိုင်ဇာမြို့
လိုင်ဇာမြို့ (အင်္ဂလိပ်: Laiza) သည် မြန်မာနိုင်ငံ ၊ ကချင်ပြည်နယ်၏ မြို့တစ်မြို့ ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။[၁] သမိုင်းကြောင်း၁၉၉၄ ခုနှစ်တွင် လိုင်ဇာ မြို့သည် ရွာ အဖြစ်သာတည်ရှိခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးပြီးနောက် ဌာနချုပ်ကို ပါဂျောင်မှ လိုင်ဇာသို့ ပြောင်းရွှေ့အခြေချပြီးနောက် ကချင်ပြည်နယ်၏ ထင်ရှားသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။[၂] တရားဝင်နယ်စပ်ကုန်သွယ်ရေးမရှိသော်လည်း စည်ကားသည့်နယ်စပ်ကုန်သွယ့်မြို့ဖြစ်သည်။ လိုင်ဇာမြို့သည် တရုတ်မြန်မာနယ်နိမိတ်စည်းရိုးကို ခွထားပြီး တရုတ်နိုင်ငံဖက်ခြမ်းကို လိုင်ဇာ(တရုတ်)၊ မြန်မာနိုင်ငံဖက်ခြမ်းကိုလိုင်ဇာ(မြန်မာ)ဟုခေါ်သည်။ ၂၀၁၁ ခုနှစ်တွင်ကေအိုင်အိုနှင့်အစိုးရတပ်များပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia