လီတိန်းဟွေး
လီတိန်းဟွေး (အင်္ဂလိပ်: Lee Teng-hui၊ တရုတ်: 李登輝) သည် ထိုင်ဝမ်လူမျိုး စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ၏ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပထမဆုံးထိုင်ဝမ်ပြည်ဖွား သမ္မတလည်းဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ် သွယ်ဝိုက်ရွေးချယ်တင်မြောက်ခံရရုံသာမက ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးချယ်တင်မြောက်ခံခဲ့ရသော သမ္မတလည်းဖြစ်သည်။ သူ၏သမ္မတသက်တမ်းအတွင်း စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေးနှင့် တရုတ်သမ္မတနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့ကို ဆောင်ရွက်ခဲ့ရာ အနောက်တိုင်းမီဒီယာများက သူ့အား "မစ္စတာဒီမိုကရေစီ" ဟူ၍ပင်ခေါ်ဆိုကြသည်။ ရာထူးမှဆင်းပြီးနောက် ထိုင်ဝမ်နိုင်ငံရေးတွင် ဆက်လက်လှုပ်ရှားခဲ့သည်။ သူ့အား လွတ်လပ်ရေးလိုလားသော ထိုင်ဝမ်သွေးစည်းညီညွတ်ရေးသမဂ္ဂ (TSU) ၏ "လမ်းပြခေါင်းဆောင်" အဖြစ် သတ်မှတ်ကြသည်။[၁] သူသည်အဆိုပါသမဂ္ဂအတွက် စည်းရုံးရေးများလုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။[၂] သူသည် ၂၀၀၁ ထိုင်ဝမ်နိုင်ငံ လွှတ်တော်ရွေးကောက်ပွဲတွင် TSU ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခဲ့ရာမှ ကိုမင်တန်ပါတီမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ယခင်ထိုင်ဝမ်သမ္မတဟောင်း ချင်ရွှေဗြန်းနှင့်သာမက ဂျပန်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးလည်းရှိခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia