လီယိုနာဒိုဒါဗင်ချီ
လီယိုနာဒို ဒီ ဆာ ပီရို ဒါဗင်ချီ ( အီတာလျံ: Leonardo di ser Piero da Vinci; အီတလီ: [leoˈnardo da (v)ˈvintʃi] ( လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်ပန်းချီသမိုင်းပညာရှင် ဟယ်လင် ဂါဒနာ (Helen Gardner) ၏အဆိုအရ၊ သူ့စိတ်ဝင်စားမှုများ၏ အမြင်စူးရှမှုများသည် ရှေ့ကဖြစ်နှင့်ပြီးသောကိစ္စ ရပ်များ မပါရှိခဲ့ပဲ၊“သူ၏စိတ် နှင့် ရုပ်ရည်သည် ကျွန်တော်တို့အတွက် လူသားထက်သာလွန်ထူးကဲသူ ဟုထင်မြင်ရပြီး၊ သူကိုယ်တိုင်ကပင် လျှို့ဝှက်ဆန်းကျယ်ပြီး ခပ်စိမ်းစိမ်းဖြစ်နေသည့်လူတစ်ဦး ဖြစ်သည်” ။ သို့သော်လည်း လီယိုနာဒိုအကြောင်းကို အမျိုးမျိုးတွေးတောမှန်းဆ နေချိန်တွင်၊ မာကို ရော့စီ (Marco Rosci) ထောက်ပြထားသည်မှာ၊ လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်သည် လျှို့ဝှက်ဆန်းကျယ်မှုထက် အနှစ်သာရရှိစွာ ယုတ္တိဆန်ပြီး၊ သူပြုလုပ်ခဲ့သည့် လေ့လာစူးစမ်းမှုအတွေ့အကြုံ နည်းနာများသည် သူ့ခေတ်သူ့ကာလက လုပ်ရိုးလုပ်စဉ် အလုပ်များ မဟုတ်ပါ။ Leonardo ပန်းချီကားများ![]()
![]() သူ၏ပန်းချီကား၁၅ခု ကျန်ခဲ့ကောင်းကျန်ခဲ့ရမည်ဖြစ်ပြီး၊ အရေအတွက်အနည်းငယ်သာကျန်ခဲ့ရခြင်းသည် မကြာခဏဖြစ်တတ်သည့် ဘေးဒုက္ခအန္တရာယ်များကြောင့်လည်းကောင်း၊ သူ၏နည်းပညာအသစ်များအပေါ် အစဉ်တစိုက်အချိန်ယူ စမ်းသပ်မှုများ နှင့် သူ၏လုပ်လက်စများကို အချိန်ကြာကြာပစ်ထားတတ်ခြင်း တို့ကြောင့်လည်းကောင်း ဖြစ်သည်။ သို့သော်လည်း အနည်းငယ်သာကျန်ရှိသည့် သူ၏လက်ရာများနှင့်အတူ ဆွဲထားသည့်ပုံများ၊ သိပ္ပံပညာဆိုင်ရာပုံကြမ်းများ နှင့် ပန်းချီကား၏သဘာဝအပေါ် သူ၏တွေးခေါ်မှုများ ပါရှိသည့် သူ၏မှတ်စုစာအုပ်များ တို့သည် ပန်းချီ ပညာရှင် နောက်မျိုးဆက်များအတွက် ထားပေးခဲ့သည့် အမွေအနှစ်များ ဖြစ်ပြီး၊ သူနှင့်ခေတ်ပြိုင် မိုက်ကယ် အိန်ဂျလို နှင့် ပြိုင်ဆိုင်ရာတွင် တစ်ခုတည်းသော အားသာချက်ဖြစ်သည်။ <a href="https://www.youtube.com"<title="LOL"></a> နည်းပညာတီထွင်မှုလီယိုနာဒိုသည် သူ၏နည်းပညာတီထွင်ခြင်းများအတွက်လေးစားမြတ်နိုးခြင်းခံရသည့် ပုဂ္ဂိလ်ဖြစ်သည်။ သူသည်ရဟတ်ယာဉ်၊ တင့်ကား၊ အားပြင်းသည့်နေရောင်ခြည်စွမ်းအား၊ ဂဏန်းပေါင်းစက်၊အခွံနှစ်ထပ် နှင့် သတ္တုအလွှာထပ်ပိုးခြင်း၏ အစဦးဆုံးထုတ်ဖော်ချက်-သီအိုရီ- များကို တွေးတောစဉ်းစား ထုတ်ဖော်ခဲ့သည်။ ထိုနည်းတူစွာပင် သူရေးဆွဲခဲ့သည့်ပုံစံ အနည်းငယ်သာ တည်ဆောက်ခဲ့သည် သို့မဟုတ် သူအသက်ရှိစဉ်အတွင်းကတည်းကပင် တည်ဆောက်ပြီးခဲ့ သည်။ သို့သော် သူ၏အချို့သော အသေးစား တီထွင်မှုများဖြစ်သည့် အလိုအလျှောက်ရစ်လုံးရစ်စက်နှင့် ဝါယာကြိုးဆွဲဆန့် အားတိုင်းတာသည့် စက်တို့သည် ပစ္စည်းထုတ်လုပ်နေသည့်ကမ္ဘာထဲသို့မကြေညာဘဲဝင်ရောက်လာခဲ့ကြသည်။ သိပ္ပံပညာရှင်အဖြစ် သူသည် ခန္ဓာဗေဒ၊ မြို့ပြ အင်ဂျင်နီယာလုပ်ငန်း၊ အမြင်နှင့်အလင်းဆက်နွယ်မှုကို သိပ္ပံနည်းကျလေ့လာမှုများ နှင့် အရည်များ၏ သက်ရောက်အင်အားပညာရပ်များ တို့၏ နယ်ပယ်တွင် ရှိသော သူ၏အသိပညာအဆင့်သည် ရှေ့သို့များစွာကြို၍သိသောအဆင့်သို့ ရောက်ရခဲ့သည်။ ကတ်ကြေးကိုလည်း တီထွင်ခဲ့သည်။ လီယိုနာဒို ဒါဗင်ချိ(ခရစ် ၁၄၅၂ - ၁၅၁၉)လီယိုနာဒို ဒါဗင်ချိ ဟူသောအမည်ကို အနုသုခုမပညာရပ်များ၌ လေးစားမှုရှိသူတိုင်း ကြားဖူးကြပေလိမ့်မည်။ လီယိုနာဒို ဒါဗင်ချိသည် အထူးသဖြင့် ကမ္ဘာပေါ်တွင် အတော်ဆုံးဟု အသိအမှတ်ပြုခြင်းခံရသော စွယ်စုံပညာရှင်ကြီးတစ်ဦးဖြစ် သည်၊ လီယိုနာဒိုသည် အနုသုခုမပညာရပ်များ ဖြစ်သော ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတ စသည်တို့တွင်သာမက စက်မှုလက်မှုအတတ်မျိုးစုံကို တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်ချွန်တစ်ဦးဖြစ်ခဲ့ပေသည်။ ဒဿနိကဗေဒဆိုင်ရာတွင်လည်း ကဝိတစ်ဆူ ဖြစ်ချေသေးသည်။ အဘက်ဘက်မှ ပညာရပ်များကို ထူးချွန်စွာ တတ်မြောက်သူ ဖြစ်လေရာ သူ့အား ကမ္ဘာ့ဉာဏ်ကြီးရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးဟု ခေါ်ဆိုရပေမည်။ လီယိုနာဒို ဒါဗင်ချိသည် အီတာလျံလူမျိုးဖြစ်၍ ၁၄၅၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဖလော်ရင့်မြို့အနီးရှိ ဗင်ချိအရပ်တွင် ဖွားမြင်လေသည်။ ဒါဗင်ချိဟူသောအမည်မှာ ထိုအရပ်ကို အစွဲပြု၍ မှည့်ခေါ်သောဆွေမျိုးစဉ်အမည်ဖြစ်၏။ လီယိုနာဒို၏ ဖခင်သည် ရှေ့နေတစ်ဦးမျှသာ ဖြစ်ပေသည်။ လီယိုနာဒိုသည် ငယ်စဉ်မှစ၍ ဂီတ၊ ပုံဆွဲနှင့် ရုပ်လုံးထုခြင်း စသောပညာရပ်များတွင် ဝါသနာထုံခဲ့၏။ သူ၏ ဖခင်သည် လီယိုနာဒိုရေး ဆွဲသော ပုံအချို့ကို မိတ်ဆွေ ပုံဆွဲပညာကျော် အန်ဒရီယား ဒယ်ဗာရော့ချို အားပြသရာ ဗာရော့ချိုကြီးသည် လီယိုနာဒိုကလေး၏ လက်စွမ်းလက်စကို များစွာချီးမွမ်းအံ့ ဩလေသည်။ ထို့နောက် လီယိုနာဒိုသည် ဗာရော့ချို၏ ပန်းချီခန်း၌ အခြားတပည့်များနှင့်အတူ ပုံဆွဲပညာကို ဆည်းပူးခွင့်ရလေသည်။ အသက် ၁၈ နှစ်အရွယ်တွင် လက်ရာကောင်းများ ရေးဆွဲနိုင်ခဲ့သဖြင့် ကျော်ကြားစပြုလာရာ အသက် ၂ဝ အရွယ်တွင် ပုံဆွဲပညာသည်များအသင်းသို့ ဝင်ခွင့်ရလေသည်။ ငယ်စဉ်ကပင် သူ၏လက်ရာမျာသည် အခြားသော ပညာသည်များ၏ လက်ရာနှင့်မတူ တစ်မူဆန်းပြား၍ ခွဲခြားသိနိုင်လောက်အောင် ကောင်း မွန်ခဲ့ပေသည်။ ဆရာကြီး ဗာရော့ချို၏ ပန်းချီခန်းမှ တပည့်တပန်းများနှင့်အတူ ရေးဆွဲလိုက်သော ပန်းချီကားတွင် လီယိုနာဒို လက်ရာအချို့လည်းပါဝင်ခဲ့၏။ ထိုသို့ တစ်ပိုင်းတစ်စပါဝင်သော လက်ရာသည်ပင်လျှင် ဤကားလီယိုနာဒို၏ လက်ရာဖြစ်၏။ ဤကားမဟုတ်ဟူ၍ အခိုင်အမာ ဆိုနိုင်လောက်အောင် ထူးခြားခဲ့ပေသည်။ လီယိုနာဒိုသည် ဉာဏ်သစ် အရေး ပုံတွင် ပေါ်ပေါက်ခဲ့သည့် အခြားအနုပညာသည်များကဲ့သို့ ရှေးခေတ်အနုသုခု ပညာရပ်မျးကို အတုယူ၍လည်းမရေးဆွဲ၊ မည်သည့်နည်းစနစ်ကိုမျှလည်း မယူဘဲ မိမိကိုယ်တိုင် သဘာဝ၏ သဘောတရားများကို စေ့စပ်သေချာစွာ လေ့လာပြီးမှရေးဆွဲလေသည်။ သဘာဝနှင့် သက်ရှိတို့၏ တည်နေပုံဖွဲ့စည်းပုံနှင့် အလင်းအမှောင်တို့၏သဘောကို အာရုံဝင်စားကာလေ့လာ၏။ ပန်းချီကားများကို ရေးခြယ်ရာတွင် ဆေးရေးခြယ်ခြင်းထက် လူနှင့်တိရစ္ဆာန်တို့၏ ကောဋ္ဌာသဗေဒ၊ သစ်ပင်တို့၏ဖြစ်ပျက်ပုံသဘောတရား၊ ကမ္ဘာမြေနှင့် ရေ၏တည်နေပုံ အင်အားစသော သဘာဝကို ဖန်တီးသည့် အကြောင်းအရာ များကို အရေးထား၍ စဉ်းစားလေသည်။ ထို့ကြောင့်လည်း အတတ်ပညာ အမျိုးမျိုးတွင် ကျွမ်းကျင်ခဲ့ခြင်းဖြစ်ပေရာအနုသုခုမပညာသည်တို့ မှတ်သား အတုယူစရာ ဖြစ်လာပေသည်။ လီယိုနာဒို၏ ဗဟုသုတပြည့်ဝမှု၊ စေ့စပ်သေချာစွာ လေ့လာပြီးမှ ရေးဆွဲမှု စသည်တို့ကြောင့် သူ၏လက်ရာများသည် အကြမ်းရေးခြစ်သော အတိုအစများပါမကျန် ကျော်ကြားလာလေသည်။ လူအမျိုးမျိုးတွင် ဝါသနာအလျောက် တတ်အပ်သော ပညာရပ်ဟူသည် ရှိစမြဲပင်ဖြစ်၏။ လူတစ်ယောက်လျှင် တစ်ခုသော ပညာရပ်တွင် ထူးချွန်တတ်၏။ လီယိုနာဒို အဖို့မူကားလူတို့တတ်အပ်သော ပညာရပ်တိုင်းကို တတ်မြောက်ထူးချွန်ခဲ့သူဖြစ်သော သူကဲ့သို့ ပါရမီခံရင့်သန်သူ ကမ္ဘာပေါ် တွင် နှစ်ဦးပေါ်ပေါက်ရန် ခဲယဉ်းလှပေ၏။ သိပ္ပံပညာရပ်များတွင်လည်း ယခုခေတ်ပေါ် သိပ္ပံပညာရပ်များ အရိပ်အရောင်မျှ မသန်းမီကာလကပင်လျှင် ကြိုတင်မှန်းဆနိုင်ခဲ့သော အစွမ်းရှိလေသည်။ သူရေးဆွဲခဲ့သော ပန်းချီလက်ရာများမှာ အားလုံးပင် ကျော်ကြားခဲ့သော်လည်း နှစ်ခုမှာကမ္ဘာကျော် ဖြစ်သည်။ တစ်ခုမှာ မီလန်မြို့ ဆန်တာ မရီယာကွန်ဗင့် ဘုရားရှိခိုးကျောင်းတွင် ရေးဆွဲထားသော ခရစ်တော်၏ နောက်ဆုံးညစာစားပွဲ ဖြစ်၏။ ကျန်တစ်ခုမှာ အမျိုးသမီးတစ်ဦး၏ ပုံတူဖြစ်၍ မိုနာလီဆာဟုခေါ်သည်။ ယခုတိုင် ပါရစ်မြို့ရှိ လူးဗရပြတိုက် တွင်ရှိသည်။ လီယိုနာဒိုသည် အနုပညာရပ်များ၌ကျော်ကြားသော မြို့ကြီးများ ဖြစ်သော ဖလော်ရင့်၊ မီလန်၊ ဗင်းနစ်၊ ရောမမြို့များသို့ လှည့်လည်ခဲ့လေသည်။ ထို့နောက် ပြင်သစ်နိုင်ငံ အမ်ဗီအရပ်၌ ၁၅၁၉ ခုနှစ်တွင် ကွယ်လွန် လေသည်။ အသက်အရွယ်များစွာ မကြီးရင့်မီပင် ကွယ်လွန်သော်လည်း အသက်တမ်းနှင့်မမျှအောင် များပြားသော သူ၏လက်ရာများသည် နောင်လာ နောက်သားများအဖို့ မှတ်သားဖွယ် အနုပညာသမိုင်းတွင် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပေသည်။[၁] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia