လူ့ကျင့်ဝတ်![]() ဒဿနိကဗေဒ၏ အဓိက ကိုင်းခွဲကဏ္ဍ ၄ခုအနက် တခု ဖြစ်သော[၁] အကောင်း-အဆိုး ဗေဒ (သို့) စရိယဗေဒ (သို့) လူ့ကျင့်ဝတ်ဗေဒ (အင်္ဂလိပ်: ethics or moral philosophy) ဆိုသည်မှာ "ဖြောင့်မှန်မည် ဆိုရလောက်သော စိတ်ထား (စာရိတ္တ) နှင့် ကောင်းမှုဆန်မည်၊ ဆိုးမှုဆန်မည် ဆိုရလောက်သော လုပ်ရပ် (ကံ) တို့၏ သဘောသဘာတို့ ဟူသည်ကား မည်သို့ဖြစ်မည်နည်းတို့ကို ဆင်ခြင် ရှာဖွေ့ သုံးသပ်သမျှသော"[၂] တွေးခေါ်ဆန်းစစ်မှု အမျိုးမျိုးကို ဆိုလိုသည်။ မြန်မာစွယ်စုံကျမ်းအရ - ကောင်းခြင်း နှင့် ဆိုးခြင်း၊ မှန်ကန်ခြင်း နှင့် မှားယွင်းခြင်း၊ စင်ကြယ်မှုနှင့် ဆိုးယုတ်မှု၊ တရားမျှတမှု နှင့် တရားဥပဒေ ချိုးဖောက်မှု စသည့် အကြောင်းအရာများပင် ဖြစ်သည်။ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ အကျိုးနှင့်အပြစ်တို့ကို ခွဲ ခြားဝေဖန်သော ပညာရပ်ဖြစ်သည်။[၃]
အထက်ပါ ကျင့်ဝတ်များကို မှတ်သားလေ့လာခြင်းမှာ ဒဿနိကဗေဒ (Philosopy)၏ အကောင်း-အဆိုးဗေဒ (ဝါ) ကျင့်ဝတ်ဗေဒ (Ethics) ဖြစ်၏။ လူ့ကျင့်ဝတ်ဆိုသည်မှာ လူ့လုပ်ရပ်ကို မှန်သလော မှားသလော၊ ဆိုးသလော ကောင်းသလော၊ စသည်ဖြင့် ဆုံးဖြတ်ပြီးမှ ထွက်ပေါ်မည် ဖြစ်သည်။ ထိုသို့ လုပ်ရပ်သင့်အပ်ခြေ (morality) ကို ပုံသွင်းဆုံးဖြတ်ရာ၌ လူတို့သည် ရှုထောင့်အမျိုးမျိုး သုံးနေကြ၍ အကျိုးဆက်ကြည့် ရှုထောင့် (consequencialism) နှင့် လုပ်ကြောင်းစဉ်ကြည့် ရှုထောင့် (denotology) တို့ ဟူ၍လည်း အမျိုးမျိုး ရှိတတ်သည်။ အဓိပ္ပါယ် ဖွင့်ဆိုပုံ ဒဿနိကအသွင် အမျိုးမျိုးဂေါတမ ဗုဒ္ဓဗုဒ္ဓ၏ ခွဲခြားဖွင့်ဆိုပုံမှာ -
မြန်မာအများစုနေဖြင့် ဤ၂မျိုးအဖို့ "ကုသိုလ်" နှင့် "အကုသိုလ်" အဖြစ် ပါဠိဝေါဟာရများ ရင်းနှီးစွာ ကြားဖူးနိုင်သည်။ အကိုးအကား |
Portal di Ensiklopedia Dunia