လူးတဆယ့်နှစ်ပန္နား'လူးတစ်ဆယ့်နှစ်ပန္နား' ကို ကျိုင်းရုံးကြီး တဆဲ့ပန္နားဟုလည်းခေါ်၏။ ထို့ပြင် ရှမ်းဘာသာ၌ 'ရာ့စစ်ပ်ဆောင်ပနာ' (ဆစ်ဆောင်ပန္နား)(ရှစ်ဆောင်ပန္နား)ဟု လည်းခေါ်ဝေါ်သေးသည်။ ယခု တရုတ်နိုင်ငံအတွင်းရှိ ချေလီနယ်ဖြစ်သည်။ ကျိုင်းရုံးကြီးတဆဲ့နှစ်ပန္နားဟူရာ ၌ ကျိုင်းရုံးကြီးဆိုသည်မှာ မြို့မ၏အမည်ဖြစ်သည်။ ယခုခေတ်တွင် တရုတ်တို့က ကျင်းဟုန်းမြို့ဟု ခေါ်သည်။ တဆဲ့နှစ်ပန္နားဆိုသည် မှာ မြို့ရံများ၏ အပိုင်းအခြားကိုဆိုလိုသည်။ ပန္နားဆိုသောစကားမှာ ရှမ်း ဘာသာစကားဖြစ်၍ လယ် ဟူ၍အဓိပ္ပာယ်ရသည်။ ယခုအခါ ဒီဝီဇံများ(တိုင်းများ)နှင့် သဘောသွားဆင် ဆင်တူသည်။ (ဆစ်ဆောင်ပန္နား)ဆိုသည်မှာ လယ်တွင်းတစ်ဆယ့်နှစ်ခရိုင်ဟူ၍အဓိပ္ပာယ်ရသည်။ မဲခေါင်မြစ်၏အရှေ့ဘက်တွင် ခြောက်ပန္နားရှိသည်။ အနောက် ဘက်တွင် ခြောက်ပန္နားရှိသည်။ ပန္နားတစ်ခုတွင် ငါးမြို့က ၁ဝ မြို့ထိ ရှိသည်။ လူးတဆဲ့နှစ်ပန္နားဆိုရာတွင် လူး(လု)ဆိုသည်မှာ လူမျိုး၏အမည် ဖြစ်သည်။ ပန္နားဆိုသည်မှာ အထက်တွင်ဆိုခဲ့သည့်အတိုင်းဖြစ်၏။ ကျိုင်းရုံး မှာ လူး(လု) လူမျိုး၊ ကျိုင်းတုံမှာ ဂုံလူမျိုးဟု အမှတ်ပြုကြသည်။ ရှစ် ဆောင်ပန္နား (ဝါ) လူးတဆဲ့နှစ်ပန္နား (ဝါ) ကျိုင်းရုံးကြီးတဆဲ့နှစ်ပန္နားမှာ လူးလူမျိုးတို့နေထိုင်ရာ အချက်အချာဒေသဖြစ်လေသည်။ လူးလူမျိုးသည် ကျိုင်းတုံ၊ ဇင်းမယ်တို့ရှိ ဂုန်ရှမ်းများနှင့်လူမျိုးတူသည်။ ယခင်ကသီးခြားနိုင်ငံဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင် ဇင်းမယ်၊ ကျိုင်းတုံတို့နှင့်အတူ ကျိုးင်းရုံးကိုသိမ်းပိုက်ခဲ့ပြီး ခရိုင်၁၂ ခုခွဲခြားကာအုပ်ချုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ဆစ်ဆောင်ပန္နား(၁၂ ခရိုင်)ဟူ၍အမည်တွင်လာခဲ့သည်။ ဘုရင့်နောင်လွန်ပြီးနောက်တွင် ကျိုင်းရုံးနယ်သည်ရံဖန်ရံခါလွတ်လပ်ပြီးရံဖန်ရံခါတရုတ်ဩဇာလွှမ်းမိုးသည်။ ကုန်းဘောင်ခေတ် နောင်တော်ကြီးမင်းလက်ထက်မှစ၍ မြန်မာပိုင်ဖြစ်ခဲ့သည်။ အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုသိမ်းပိုက်ချိန်တွင် ၎င်းနယ်တို့အားချန်လှပ်ခဲ့ရာမှ ယခုအခါတရုတ်နိုင်ငံအတွင်းပါဝင်လျက်ရှိသည်။
ကိုးကား
|
Portal di Ensiklopedia Dunia