လောရန့်စ်ဝေါင်
လောရန့်စ်ဝေါင် (Lawrence WONG | 黄循财) သည် စင်ကာပူနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် စင်ကာပူနိုင်ငံထူထောင်သူ ခေါင်းဆောင်ကြီး လီကွမ်းယု ပြီးနောက် စင်္ကာပူနိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။[၁] ယင်းမတိုင်မီက စင်ကာပူဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သည်။[၂] ငယ်စဉ်ဘဝနှင့်ပညာရေးမလေးရှားနိုင်ငံ မှ စင်ကာပူ ခွဲထွက်လာပြီး ၇နှစ်အကြာ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့ တွင် လောရန့်စ်ဝေါင် ကို စင်ကာပူနိုင်ငံ အရှေ့ပိုင်း၌ မွေးဖွားသည်။ဖခင်ဖြစ်သူမှာ အရောင်းဝန်ထမ်းအလုပ်ကို လုပ်ကိုင်ပြီး၊မိခင်ဖြစ်သူမှာ ကျောင်းဆရာမတစ်ဦး ဖြစ်သည်။သူ၏ ငယ်စဉ်ဘဝ ကို စင်ကာပူနိုင်ငံ၏ ပြည်သူ့အိမ်ရာ တိုက်ခန်းတစ်ခုတွင် နေထိုင်ရင်း ရိုးရှင်းစွာ ဖြတ်သန်းခဲ့သည်။ သူသည် ဖခင်ဖြစ်သူ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည့် ဂီတာ အား မြတ်နိုးခုံမင်သည်။ လောရန့်စ်ဝေါင် သည် အမေရိကန်နိုင်ငံ University of Wisconsin-Madison မှ ၁၉၉၄ ခုနှစ်တွင် ဘောဂဗေဒအဓိကဖြင့် သိပ္ပံဘွဲ့၊ ၁၉၉၅ ခုနှစ်တွင် မစ်ရှီဂန်တက္ကသိုလ်မှ အသုံးချစီးပွားရေးဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့နှင့် ၂၀၀၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့အုပ်ချုပ်ရေးမဟာဘွဲ့တို့အား ရရှိခဲ့သည်။[၃] အစိုးရဝန်ထမ်းဘဝသူ၏ အသက် ၂၅နှစ်အရွယ် ၁၉၉၇ ခုနှစ် ဩဂုတ်လတွင် စင်ကာပူနိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန တွင် ဘောဂဗေဒပညာရှင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြင့် ဝန်ထမ်းဘဝ ကို စတင်ခဲ့သည်။[၄]ထိုစဉ်အချိန်ကာလသည် အာရှဘဏ္ဍာရေးအကျပ်အတည်း၏အစဖြစ်ပြီး ၎င်း၏ပထမဆုံးတာဝန်မှာ ဒေသတွင်းစီးပွားရေးနှင့် စင်ကာပူအပေါ် သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာအား ပြင်ဆင်ခြင်းတွင် ပါဝင်ခဲ့ရခြင်းဖြစ်သည်။သူသည် ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ဘဏ္ဍာရေးဝန်ကြီးဌာန တွင် အရာရှိအဆင့် တာဝန်ပေးခံရသည်။ ထို့နောက် ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် ကျန်းမာရေးဝန်ကြီးဌာန တွင် ကျန်းမာရေးစောင့်ရှောက်မှု ဘဏ္ဍာရေးဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ပေးခံရသည်။ ၂၀၀၅ ခုနှစ် မေလမှ ၂၀၀၈ ခုနှစ် ဩဂုတ်လအထိ ဝန်ကြီးချုပ် လီရှန်လုံး ၏ ရုံးခန်းတွင် ကိုယ်ရေးအရာရှိအတွင်းရေးမှူး အဖြစ်လည်းကောင်း၊၂၀၀၈ ခုနှစ် စက်တင်ဘာ တွင် စင်ကာပူစွမ်းအင်ဌာန၏ လက်ထောက်အမှုဆောင်အရာရှိချုပ်တာဝန်၊ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ယင်းဌာန၏ အမှုဆောင်အရာရှိချုပ်အဖြစ်လည်းကောင်း တာဝန်အသီးသီးပေးခံရပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ယင်းရာထူးမှ နုတ်ထွက်ခဲ့သည်။ နိုင်ငံရေးသမားဘဝလူလတ်တန်းစားမိသားစုမှ ဆင်းသက်လာသူ လောရန့်စ်ဝေါင် သည် ဝန်ကြီးချုပ်လီရှန်လုံး ၏ရုံးခန်းတွင် အဆင့်မြင့်ကိုယ်ရေးအရာရှိအတွင်းရေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၃နှစ်အကြာ ၂၀၁၁ခုနှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပါလီမန်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ဝန်ကြီးဌာနများတွင် တာဝန်များ အဆင့်ဆင့်ပေးခံရပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ် လီရှန်လုံး က ၎င်းအား ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။သူသည် နှစ်ရှည်အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ PAP၏ လွှတ်တော်ကိုယ်စားလှယ်အများစုထောက်ခံမှုကို ရထားသူလည်း ဖြစ်သည်။၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ဝန်ကြီးချုပ် လီရှန်လုံး ရာထူးမှနုတ်ထွက်သွား၍[၅] လောရန့်စ်ဝေါင် သည် စင်ကာပူနိုင်ငံ၏ စတုတ္ထမြောက်ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုရင်း ၎င်းဝန်ကြီးချုပ်တာဝန်များအား စတင်ထမ်းဆောင်သည်။[၆] မိသားစုဘဝသူသည် အသက်၂၈ နှစ်အရွယ် တွင် ပထမအိမ်ထောင်ပြုခဲ့ပြီး ၃နှစ်အကြာတွင် ကွာရှင်းခဲ့သည်။[၇][၈]လက်ရှိတွင် ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်သူနှင့် အိမ်ထောင်ပြုထားကာ[၉] သားသမီးမရှိပေ။[၁၀] ကိုးကား
|
Portal di Ensiklopedia Dunia