မင်ခေါ့ဗ်ရှကီး ရပ်ဝန်းဇာတ်၌ တစ်ပြိုင်တည်း ဟုသော သဘောတရားက ဇာတ်ကောင်အမျိုးမျိုးအတွက် မတူညီနိုင်ပုံ
လောရန့်ဇ် အမှတ်ချအိမ် ပြောင်းကြည့်နည်း (သို့) လောရန့်ဇ် ရှုထောင့်ပြောင်းကြည့်နည်း (သို့) လောရန့်ဇ် ပြောင်းကြည့်နည်း (အင်္ဂလိပ်: Lorentz transformation) ဆိုသည်မှာ ရှုထောင့် (အမှတ်ချအိမ်; coordinate system) တစ်ခုမှ (၎င်းနှင့်နှိုင်းစာလျှင် ကိန်းသေ နှိုင်းရအလျင်တခုနှင့် ရွေ့လျားနေသည့်) အခြား ရှုထောင့်(အမှတ်ချအိမ်) အဖြစ်သို့ နှိုင်းရ ရူပဗေဒသုံး အချိန်ကုန်ဆုံးမှု တသမတ်တည်း မဖြစ်မှု သဘောအတိုင်း တွက်ချက်ပြောင်းလဲကြည့်နည်း ဖြစ်သည်။
သင်္ချာ
ဒုတိယ ရှုထောင့်(အမှတ်ချအိမ်)က ပထမ ရှုထောင့် (အမှတ်ချအိမ်)နှင့် နှိုင်းစာသော် t=t′=0 ဟူသည့် ကနဦးအစ၌ ထပ်တူကျလျက် ထို့နောက်တွင် x-ဦးတည်ရာသို့ ကိန်းသေအလျင် v ဖြင့် အစဉ်ရွေ့လျားနေလျှင် ဤသို့ တွက်ထုတ်ခြင်းက လောရန့်ဇ် ရှုထောင့် ပြောင်းကြည့်နည်း ဖြစ်မည်။[၁][၂]
(t, x, y, z) က ကနဦး ရှုထောင့် (အမှတ်ချအိမ်) အတွင်း၌ ရှိနေမည့် ကျပန်း ချအမှတ် (coordinate)တို့ကို ကိုယ်စားပြုပြီး (t′, x′, y′, z′) က အသစ်အဖြစ် ရွှေ့ပြောင်းကြည့်မည့် ဒုတိယ ရှုထောင့် (အမှတ်ချအိမ်)၏ ချအမှတ် (coordinate) အသစ်ရလဒ်များကို ဆိုလိုသည်။ ပါဝင်နေသည့် c က အလင်းအလျင်ဖြစ်၍ ဂမ္မာ သင်္ကေတဖြင့်
က လောရန့်ဇ် မြှောက်ဖော်ကိန်း ဖြစ်သည်၊ ၎င်းမြှောက်ဖော်ကိန်းက အချိန် တိုင်းကြောင်း နှင့် နှိုင်းရအလျင် ရှိနေသော အာကာသ တိုင်းကြောင်းတို့၌ ပါဝင်နေမည်ကို သတိပြုမိနိုင်သည်။
သို့ဖြင့်
ဟူသော ကိန်းအုံအသွင်ပုံစံဖြင့် အထွေထွေခြုံညှိမိအောင် ဖော်ပြရလျှင် အပြည့်အစုံအားဖြင့် အသို့ ဖြစ်မည်။[၃]
အကိုးအကား