လျှပ်ကူးပစ္စည်း![]() လွတ်လပ်သော အီလက်ထရွန်များ အက်တမ်တစ်ခုမှ တစ်ခုသို့စီးဆင်းသွားသည့်အခါ လျှပ်စီးကြောင်းဖြစ်ပေါ်လာသည်။အီလက်ထရွန်များ မြောက်မြားစွာစီးဆင်းစေသော ပစ္စည်းကို လျှပ်ကူးပစ္စည်း (Conductor)ဟုခေါ်သည်။ သတ္တုနှင့်ပြုလုပ်သော ပစ္စည်းအများစုမှာ လျှပ်ကူးပစ္စည်းကောင်းများဖြစ်သည်။ကြေးနီ၊ငွေ၊အလူမီနီယမ်၊ဇင့်၊ကြေးဝါနှင့်သံများ မှာလျှပ်ကူးကောင်းသည်။ ထိုထဲတွင် ကြေးနီမှာ လျှပ်ကူးပစ္စည်းပြုလုပ်ရန် လျှပ်ကူးအကောင်းဆုံးနှင့် ဈေးအသက်သာဆုံးဖြစ်သည်။ ခုခံအားနှင့် လျှပ်ကူးအား![]() လျှပ်ကူးပစ္စည်းတစ်ခု၏ ခုခံအားမှာ ထိုပစ္စည်းကိုပြုလုပ်သော သတ္တုနှင့် မျက်နှာပြင်အပေါ်မူတည်သည်။ ထိုပစ္စည်း၏ ခုခံအားသည် မျက်နှာပြင် ကန့်လန့်ဖြတ်ဧရိယာနှင့် ပြောင်းပြန်အချိုးကျသည်။ဥပမာ-ဝါယာအထူတွင် ခုခံအားနည်းသည်။ ထိုပစ္စည်း၏ ခုခံအားမှာ အလျားနှင့် တိုက်ရိုက်အချိုးကျသည်။[၁]ဥပမာ- ရှည်လျားသောဝါယာတွင် ခုခံအားများသည်။ မှာ အလျား၊ A မှာ ကန့်လန့်ဖြတ် ဧရိယာ၊σ မှာ လျှပ်စီးကိန်း(အပူလျောက်ကိန်း)၊ ρမှာ ခုခံမှုအားကိန်း (resistivity)ဖြစ်သည်။ σနှင့်ρမှာ ကိန်းသေဖြစ်သည်။ လျှပ်ကူးပစ္စည်းများ
ကြေးနီသည် လျှပ်စီးကိန်းမြင့်သည်။ အပူပေး၍အအေးခံထားသောကြေးနီ (annealed copper)သည် နိုင်ငံတကာစံချိန်မီဖြစ်သည်။၎င်း၏ လျှပ်စီးကိန်းမှာ 58 MS/mဖြစ်သည်။[၂] ငွေသည် ကြေးနီထက် လျှပ်စီးကိန်း ၆%ပိုများသော်လည်း စရိတ်များသဖြင့် လက်တွေ့တွင်အသုံးမပြုချေ။ သို့သော် ဂြိုဟ်တုကဲ့သို့သော အထူးပစ္စည်းများတွင်သုံးသည်။ အလူမီနီယမ်ဝါယာများကို လျှပ်စစ်သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် အသုံးများသည်။ကြေးနီအောက် ကုန်ကျမှုနည်းသည်။ ဝါယာအရွယ်အစားဝါယာများကို ၎င်း၏ ကန့်လန့်ဖြတ် ဧရိယာကို တိုင်းတာသည်။ နိုင်ငံများစွာတွင် အရွယ်အစားကို စတုရန်းမီလီမီတာဖြင့်တိုင်းသည်။
ကိုးကား
|
Portal di Ensiklopedia Dunia