လျှပ်ဓာတ် သိပ်သည်းမှု![]() ရူပဗေဒသုံး လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: charge density) ဆိုသည်မှာ - အလျားတခုခု၊ သို့မဟုတ် ဧရိယာပြင်တခုခု၊ ထုထည်အကျယ်အဝန်းတခုခု၏ တစ်ယူနစ်စာ အလျား၊ အကျယ်၊ ထုထည် အတွင်း လျှပ်ဓာတ်တို့ မည်မျှသော ပမာဏဖြင့် ဖြန့်ကျက်တည်ရှိနေသည်ကို အချိုးချဖော်ပြသည့် တိုင်းဖွယ်တမျိုးမျိုး ဖြစ်၏။ ဂရိအက္ခရာ ρ နှင့် ပြရိုးရှိသော ထုထည်တွင် လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: volume charge density) တစ်ယူနစ်စာ ထုထည် အတွင်း၌ လျှပ်ဓာတ် (ယူနစ် ကူလုမ်ဘ် - C) ပမာဏမည်မျှ သိပ်သည်းတည်ရှိနေသည်းကို ဖော်ပြသည့် စကေလာ တိုင်းဖွယ် ဖြစ်၏၊ ယူနစ်မှာ C⋅m−2 ဖြစ်မည်။[၁][၂][၃] σ နှင့် ပြရိုးရှိသော ပြင်ဖြန့် လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: surface charge density) ဆိုသည်မှာ မျက်နှာပြင် အကျယ် တခုခုအတွင်း လျှပ်ဓာတ်တို့ ဖြန့်ကျက်သိပ်သည်းနေမှု အချိုးနှုန်း ဖြစ်၍ စံယူနစ်မှာ C⋅m−2 ဖြစ်၏။ λ နှင့် ပြရိုးရှိသော အလျားတွင်း လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: linear charge density) ဆိုသည်မှာ အလျား တခုခုအတွင်း လျှပ်ဓာတ်တို့ ဖြန့်ကျက်သိပ်သည်းနေမှု အချိုးနှုန်း ဖြစ်၍ စံယူနစ်မှာ C⋅m−1 ဖြစ်၏။ အကိုးအကား
|
Portal di Ensiklopedia Dunia