လ ကော်ရ်ဗျူဇီယေ

လ ကော်ရ်ဗျူဇီယေ
Le Corbusier in 1933
မွေးဖွားCharles-Édouard Jeanneret-Gris
(1887-10-06)အောက်တိုဘာ ၆၊ ၁၈၈၇
La Chaux-de-Fonds, Switzerland
ကွယ်လွန်ဩဂုတ် ၂၇၊ ၁၉၆၅(1965-08-27) (အသက် ၇၇)
Roquebrune-Cap-Martin, France
နိုင်ငံလူမျိုးSwiss, French
ရရှိသည့်ဆုများAIA Gold Medal (၁၉၆၁)
လက်မှတ်

လီ ကော်ဘူဆီယာ(အင်္ဂလိပ်-Le Corbusier) သည် ဆွစ်ဇာလန်နိုင်ငံသား ဗိသုကာပညာရှင်နှင့် စာရေးဆရာ တဦးဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံသားအဖြစ်ခံယူသည်။ သူသည် အဆောက်အဦဆိုင်ရာ ခေတ်မီသော အယူအဆများကြောင့် ထင်ရှား၏။ သူသည် ထိုခေတ်က ဆင်းရဲနွမ်းပါးစွာ နေထိုင်သူများအတွက် မြို့ကြီးများ၌ အိမ်ရာစီမံကိန်းများပါဝင်စေရန် စီမံခဲ့သည်။ သူ၏ စီမံကိန်းများကို ကမ္ဘာနှင့်တဝှန်း အသုံးပြုခဲ့ကြသည်။ သူသည် ပန်းချီကို နှစ်သက်ပြီး ပရိဘောဂများကို ပုံစံထုတ်ခဲ့သည်။

ငယ်ဘ၀

လီ ကော်ဘူဆီယာ သည် ဆွစ်ဇာလန်နိုင်ငံမြောက်ပိုင်းရှိ မြို့ငယ်လေးတခုတွင် ကြီးပြင်းခဲ့ပြီး ၁၉ နှစ်သားအရွယ်တွင် ပြင်သစ်နိုင်ငံ၏ မြို့တော်ပါရီသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ထိုနောက် သူသည် ဥရောပအနှံ့ခရီးထွက်ကာ အကြံအစည်အသစ်များအတွက် ရှာဖွေလေ့လာခဲ့သည်။ သူသည် ဂျာမာန်စကားပြောကို သင်ယူခဲ့ပြီး နာမည်ကျော်ဗိသုကာ ပညာရှင် ပီတာဘီရန်းကဲ့သို့သော သူများနှင့်လည်း အလုပ်အတူတွဲလုပ်ခဲ့သည်။

ကမ္ဘာစစ်

ပထမကမ္ဘာစစ်ဖြစ်သောအခါ ဆွစ်ဇာလန်နိုင်ငံသို့ပြန်ကာ ကျောင်းဆရာလုပ်သည်။ များမကြာမီ ဆွေမျိုးဝမ်းကွဲတော်စပ်တဦးနှင့်တွဲကာ ဗိသုကာလုပ်ငန်းကုမ္ပဏီဖွင့်ပြီး သူတို့နှစ်ဦး ၁၉၄၀ ခုနှစ်အထိ လုပ်ငန်းအတူ တွဲလုပ်ခဲ့ကြ၏။ နောင်တွင်အရင်းနှီးဆုံးမိတ်ဆွေတဦးဖြစ်လာမည့် ပန်းချီဆရာ အာမီးဒီးနှင့် တွေ့သည့်နှစ်မှာ ၁၉၁၈ ခုနှစ်ဖြစ်သည်။ သူတို့နှစ်ဦး ပူးပေါင်းကာ ပူရီဇင် ခေါ် အနုပညာသစ်တမျိုးကို ဖော်ထုတ်ခဲ့ကြသည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya