ဝက်တုပ်ကွေးရောဂါ
ဝက်တုပ်ကွေးရောဂါ (အင်္ဂလိပ်: Swine influenza) သည် ဝက်တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစား တစ်ခုခုကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်ခု ဖြစ်သည်။ Swine influenza virus (SIV) သို့မဟုတ် swine-origin influenza virus (S-OIV) သည် ဝက်များတွင် ဖြစ်ပွားလေ့ရှိသော တုပ်ကွေးဗိုင်းရပ်စ်အုပ်စုဝင် ဗိုင်းရပ်စ်ပိုးမျိုး ဖြစ်သည်။[၂] ၂၀၀၉ ခုနှစ်အထိ တွေ့ရှိထားပြီးသော SIV ဗီဇမျိုးများတွင် influenza C နှင့် Influenza A ၏ မျိုးကွဲများ ဖြစ်ကြသော H1N1, H1N2, H2N1, H3N1, H3N2, နှင့် H2N3 တို့ ပါဝင်သည်။ ရောဂါများလက္ခဏာများလူ
ရောဂါဖြစ်ပွားသူ၏ ၁% သာသေဆုံးမှုရှိနိုင်သည်။ သို့သော်ရောဂါကူးစက်နှုန်းမှာ SARS ရောဂါ ထက်ပို၍လျင်မြန်သည်။ ဆောင်ရန်
ရောဂါဖြစ်ပွားခြင်းမှကာကွယ်ရန်
ရောဂါဖြစ်ပွားမှုမြန်မာနိုင်ငံဝက်တုပ်ကွေးရောဂါသည် မြန်မာပြည်တွင် ၂၀၀၉ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၃] ၂၀၁၇ ခုနှစ်တွင် H1N1 (2009) တုပ်ကွေးရောဂါ ဖြစ်ပွားသူ ရန်ကုန်မြို့တွင် သုံးဦးနှင့် ချင်းပြည်နယ်တွင် ၁၀ ဦးတွေ့ရှိရပြီး တစ်ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။[၄] H1N1 သံသယလူနာ ၃၅ ဦးအား ဓာတ်ခွဲစစ်ဆေးရာ လူနာ ၁၇ ဦးတွင် ရောဂါဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိထားပြီး ဇူလိုင် ၂၆ ရက်အထိ သံသယ သေဆုံးလူနာအပါအဝင် သေဆုံးသူ လေးဦးအထိရှိသည်။[၅] ၁။ ဆက်သွယ်ရေးရောဂါဘယဖြစ်ပွားသည့်အခါ သွားလာလှုပ်ရှားမှုများအား တားဆီးကန့်သတ်ချက်များ ချမှတ် ပြဋ္ဌာန်းခြင်းမျိုးကဲ့သို့ အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်လာချိန်တွင် မိသားစုမှာ အတူတကွ ရှိချင်မှရှိနေပါလိမ့်မည်။ သို့ဖြစ်ပေရာ တစ်ဦးနှင့်တစ်ဦး မည်သို့မည်ပုံဆက်သွယ်ကြမည်၊ အခြေအနေအမျိုးမျိုးတွင် မည်သည်တို့ကို လုပ်ဆောင်ကြမည်ဆိုသည်များနှင့် စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်ထားရန်အရေးကြီးလှပေသည်။
ပြောပြနိုင်သည့် အဓိက ပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ပေးနိုင်ပါလိမ့် မည်။
(ဆေးထိုးခါနီး သုံးသော ဂွမ်းဖတ်များ)
ဖြင့် ရောင်းချလေ့ရှိသည်။)
(ရေရှည် ကုသရန်အတွက် ဆရာဝန်က ညွှန်ကြားထားသည့်ဆေးဖြစ်လျှင် သုံးလစာ ရှိနေပါစေ။) (အိမ်မွေးတိရစ္ဆာန်များကိုလည်း မမေ့ပါနှင့်)
အိမ်ထဲ၌ မည်သည့်နေရာတွင် သတ်သတ် သီးသန့်ထားနိုင်မည်ကိုစဉ်းစားထားပါ။ ထိုအခန်းကို မည်သို့ လေဝင်လေထွက်ရှိနေစေမည်နည်း။ ထိုအခန်းမှ လေများ သည် အိမ်ပြင်သို့သာ ထွက်သွားရမည်ဖြစ်ပြီးအိမ်ထဲသို့ ထိုအခန်း ထဲမှ လေများ မဝင်အောင် ဆောင်ရွက်ရန်မှာအရေးကြီးသည်။ ထိုသို့ရှိနေစေရန် မည်သို့ ဆောင်ရွက်နိုင်မည်ကိုစဉ်းစားထားပါ။
A/H1 N1 လို့ခေါ်တဲ့ ဒီဝက်တုပ်ကွေးဟာ ဝက်သားစားရုံနဲ့ မကူးစက်နိုင်ပါဘူး။ ဝက်သားနဲ့ ဝက်သားထွက် ပစည်းများကို အပူချိန် ၇၀-ဒီဂရီ စင်တီဂရိတ်နဲ့ ချက်ပြုတ်ပါက ဗိုင်းရပ်စ်ပိုး ရှင်သန်မှုမရှိနိုင်တော့ပါ။ ကိုင်တွယ်တဲ့နေရာမှာလည်း သန့်ရှင်းစွာစနစ်တကျကိုင်တွယ်ပါက ရောင်းချသူများမှာလည်း ကူးစက်မှု မရှိနိုင်တော့ပါ။ A/H1 N1 တုပ်ကွေးရောဂါကူးစက် ခံထားရတဲ့လူရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့အရည်များ (နှာရည်၊ တံတွေး) စတာတွေဟာ မထင်မှတ်ဘဲ မသိလိုက်ဘဲ ကျန်းမာတဲ့လူရဲ့ အသက်ရှူလမ်းကြောင်းထဲကို ဝင်သွားပါက ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် လူသူထူထပ်လွန်းတဲ့ နေရာတွေကို မသွားသင့်ပါ။ အကယ်၍ မဖြစ်မနေသွားရမည်ဆိုလျှင်လည်း နှာခေါင်းစည်းတပ်ပြီး သွားလာနိုင်သလို ပြန်လာပါကလည်း လက်ကိုသေချာစွာ ဆေးကြာသင့်ပါတယ်။ လက်ဟာ ရောဂါပိုး ပျံ့နှံ့နိုင်ရာ ကြားခံဖြစ်တဲ့အတွက် လူအများနဲ့ ထိတွေ့တဲ့နေရာတွေသွားပြီးတဲ့အခါ လက်ကို သေချာစွာ ဆေးကြောသင့်ပါတယ်။ အကယ်၍ မိမိမှာ တုပ်ကွေးလက္ခဏာ ခံစားရပါက ရိုးရိုးတုပ်ကွေးလား၊ A/H1 N1 ရောဂါလားဆိုတာ သံသယရှင်းသွားအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မည်သည့်တုပ်ကွေးဖြစ်ပါစေ အဓိကမှာ မိမိမှာ ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝတဲ့ အစားအသောက်ကို စားခြင်း၊ ရေလုံလုံလောက်လောက် သောက်ခြင်း၊ အားကစား လိုက်စားခြင်းဖြင့် ကြံ့ခိုင်အောင်ပြုလုပ်သင့်ပါတယ်။ ကိုးကား
|
Portal di Ensiklopedia Dunia