ဝင်းမင်းထွေးဝင်းမင်းထွေး ဟု လူသိများသော ကဗျာဆရာ ၊ တေးရေးဆရာ အမည်ရင်း ဝင်းမြင့် ကို အမရပူရမြို့နယ်၊ ရွှေကြက်ယက်ရွာ၌ ၁၉၅၃ ခုနှစ်တွင် ဦးခင်မောင်ထွေး၊ ဒေါ်လှတင် တို့မှ မွေးဖွားခဲ့သည်။ ၁၉၇၀ တွင် စစ်ကိုင်း အထက(၁)မှ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရောက်ခဲ့ပြီး မှိုင်းရာပြည့် အရေးအခင်းတွင် ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထိုပါဝင်မှုကြောင့် ကျောင်းထုတ်ခံခဲ့ရပြီး အင်းစိန်ထောင်တွင် ၅နှစ်ကြာ ထောင်ကျခဲ့သည်။ ကဗျာဆရာဘဝ၁၉၇၂ ခုနှစ်ခန့်တွင် တက္ကသိုလ်အသိုင်းအဝိုင်း၌ ကဗျာများစတင်ရေးသားခဲ့ပြီး စက်မှုသတင်းဂျာနယ်တွင် သူ၏ကဗျာစတင်ပါဝင်ခဲ့သည်။ ရှုမဝရုပ်စုံမဂ္ဂဇင်းတွင် ၁၉၇၄ ၌ ကဗျာစတင်ရေးခဲ့သည်။ ကဗျာပေါင်းများစွာ ရေးသားခဲ့သော်လည်း ပုံနှိပ်ဖြစ်သော ကဗျာများမှာ နည်းပါးသည်။ တေးရေးဆရာဘဝပလေးဘွိုင်းသန်းနိုင်အတွက် “ချစ်ရမ္မက်” သီချင်းစာသားကို ၁၉၈၂ တွင် စတင်ရေးပေးခဲ့သည်။ ၁၉၈၂ မှ ၂၀၀၆ ခုနှစ်အတွင်း သီချင်းစာသားပေါင်း ၃၀၀ ခန့်ရေးသားခဲ့ပြီး စကားလုံး ဝင်းမင်းထွေး ဟု ထင်ရှားသည်။ တစ်ကိုယ်တော်ရေးသားပေးခဲ့သော တေးစီးရီးအခွေများတွင် ချစ်ကောင်း ၏ ကိုယ်တိုင်ရေးပုံတူ ထူးအိမ်သင်၏ အရင်အတိုင်း တေးစီးရီး နှင့် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ် တေးစီးရီးတို့မှာ အထူးအောင်မြင်ကျော်ကြားသည်။ အခြားအနုပညာလှုပ်ရှားမှုများအဆိုတော် ၁၂ ယောက်ပါဝင်သော သီချင်းဗီဒီယို (MTV) ၂ခွေတွဲကို ၁၉၈၆ တွင် ရိုက်ကူးခဲ့သည်။ ၁၉၈၉ တွင် ဟန်သစ်မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။ အခြား ဗီဒီယိုဇာတ်ကားများနှင့် မှတ်တမ်းဗီဒီယိုများလည်း ရိုက်ကူးခဲ့သည်။ ရွှေအင်ကြင်း အမည်ရှိရုပ်ရှင်ကားကြီးကို ၁၉၉၅ တွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ ၂၀၀၇ ဧပြီလတွင် မဂ္ဂဇင်းအချို့တွင် သူရေးသားခဲ့ဖူးသော စကားပြေ ၅ ပုဒ် နှင့် ကဗျာရှည် တစ်ပုဒ်တို့ကို စုစည်း၍ ကိုယ်တိုင်ရေး ပုံတူများ အမည်ဖြင့် စာအုပ်တစ်အုပ် ထုတ်ဝေခဲ့သည်။ လက်ရှိဘဝဇနီးဖြစ်သူ မိကော် နှင့် သားကြီး အာကာ ၊ သမီးများဖြစ်ကြသော ဘရဏီ၊ ရွှေရင်အေးတို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ လက်ရာများကဗျာများရေးသားခဲ့သော သီချင်းများ
|
Portal di Ensiklopedia Dunia