ဝဏ္ဏသိဒ္ဓိ ရေကူးကန်

ဝဏ္ဏသိဒ္ဓိ ရေကူးကန်
Wunna Theikdi Aquatics Center
တည်နေရာဇမ္ဗူသီရိမြို့နယ်နေပြည်တော် ပြည်ထောင်စုနယ်မြေ
ကိုဩဒိနိတ်19°46′27″N 96°4′24″E / 19.77417°N 96.07333°E / 19.77417; 96.07333ကိုဩဒိနိတ်: 19°46′27″N 96°4′24″E / 19.77417°N 96.07333°E / 19.77417; 96.07333
ပိုင်ဆိုင်သူကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
စီမံခန့်ခွဲသူအားကစားနှင့်ကာယပညာဦးစီးဌာန
ဝင်ဆံ့ပမာဏ၃၀၀၀
တည်ဆောက်ခြင်း
တည်ဆောက်ဩဂုတ် ၂၀၁၁
ဖွင့်လှစ်ဩဂုတ် ၂၀၁၃

ဝဏ္ဏသိဒ္ဓိ ရေကူးကန်သည် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းအတွင်းတည်ရှိသော နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံရေကူးကန်ကြီးဖြစ်သည်။၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ရည်ရွယ်၍ ၂၀၁၁ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။မက်စ်မြန်မာ ကုမ္ပဏီမှ တည်ဆောက်ခြင်းဖြစ်ကာ ၂၀၁၃ခုနှစ်တွင် ပြီးစီးခဲ့သည်။ရေကူးပြိုင်ပွဲအတွက် မီတာ (၅၀)ရေကူးကန်တစ်ကန်၊ ဒိုင်ဗင်အားကစားနည်းအတွက် ရေကူးကန်တစ်ကန်၊ အပြင်ဖက်တွင် လေ့ကျင့်ရန် ရေကူးကန်တစ်ကန်ပါဝင်ကာ ပရိသတ် ၃၀၀၀ ဝင်ဆံ့သည်။[][]မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံရေကူးကန်အနေဖြင့် ဤရေကူးကန်နှင့် တပ်မတော်ပိုင် ဇေယျာသီရိအားကစားပြိုင်ဝင်းမှ ဇေယျာသီရိရေကူးကန်တို့သာ တည်ရှိသည်။[]

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya